Quran with Burmese translation - Surah Ta-Ha ayat 85 - طه - Page - Juz 16
﴿قَالَ فَإِنَّا قَدۡ فَتَنَّا قَوۡمَكَ مِنۢ بَعۡدِكَ وَأَضَلَّهُمُ ٱلسَّامِرِيُّ ﴾
[طه: 85]
﴿قال فإنا قد فتنا قومك من بعدك وأضلهم السامري﴾ [طه: 85]
Ba Sein ၈၅။ အို--မူစာ၊ ငါသည် သင့်ကွယ်ရာ၌ သင့်လူများကို စုံစမ်းတော်မူပြီး၊ ၎င်းတို့အား စာမရီသည် လမ်းမှားသို့ ယူဆောင်သွားလေပြီဟု ဗျာဒိတ်ပေးတော်မူ၏။ |
Ghazi Mohammad Hashim ထိုအရှင်မြတ်က (ဤသို့)မိန့်ကြားတော်မူခဲ့ လေသည်။ (အို-မူစာ) ဧကန်စင်စစ် ငါအရှင်မြတ်သည် အသင်၏နောက်ကွယ်တွင် အသင်၏အမျိုးသားများအား စမ်းသပ်တော်မူခဲ့လေသည်။ စာမိရီ သည် ၎င်းတို့အား လမ်းမှားစေခဲ့လေပြီ။ |
Hashim Tin Myint အရှင်မြတ်က မိန့်ကြားတော်မူသည်- (အို- တမန်တော်မူစာ) အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်၏နောက်တွင် အသင်၏အမျိုးသားများအား စမ်းသပ်တော်မူခဲ့သည်။ ထို့ပြင် စာမိရီ*သည် သူတို့ကို လမ်းမှားစေခဲ့ပြီဖြစ်သည်။ |