Quran with Burmese translation - Surah Ta-Ha ayat 86 - طه - Page - Juz 16
﴿فَرَجَعَ مُوسَىٰٓ إِلَىٰ قَوۡمِهِۦ غَضۡبَٰنَ أَسِفٗاۚ قَالَ يَٰقَوۡمِ أَلَمۡ يَعِدۡكُمۡ رَبُّكُمۡ وَعۡدًا حَسَنًاۚ أَفَطَالَ عَلَيۡكُمُ ٱلۡعَهۡدُ أَمۡ أَرَدتُّمۡ أَن يَحِلَّ عَلَيۡكُمۡ غَضَبٞ مِّن رَّبِّكُمۡ فَأَخۡلَفۡتُم مَّوۡعِدِي ﴾
[طه: 86]
﴿فرجع موسى إلى قومه غضبان أسفا قال ياقوم ألم يعدكم ربكم وعدا﴾ [طه: 86]
Ba Sein ၈၆။ ထိုအခါတမန်တော်မူစာသည် အမျက်ဒေါသထွက်ပြီးလျှင် မချမ်းသာသောစိတ်ဖြင့် မိမိလူများထံသို့ ပြန်သွား၍ ဤသို့ဆို၏၊ ဟယ်-အချင်းတို့၊ သင်တို့၏အရှင်သခင်သည် သင်တို့အား သင့်တင့်လျှောက်ပတ်သောကတိသစ္စာ တော်ကို သင်တို့အပေါ်သို့ ကျရောက်စေခြင်းငှာ အကျွနု်ပ်နှင့်ချိန်းချက်ထားသောကတိသစ္စာကို ဖျက်ကြသလော။ |
Ghazi Mohammad Hashim ထိုအခါ မူစာသည် မိမိအမျိုးသားတို့ထံ ဒေါသအမျက်ထွက်ကာ ဝမ်းနည်းပူဆွေးစွာ ပြန်လာခဲ့ပြီးလျှင် (ဤသို့)ပြောဆိုခဲ့လေသည်။ အို-ကျွန်ုပ်၏ အမျိုးသားတို့၊ အသင်တို့ကိုဖန်ဆင်းမွေးမြူတော် မူသောအရှင်မြတ်သည် အသင်တို့အားကောင်းမြတ်လှစွာသော ကတိကိုပေးတော်မူခဲ့သည် မဟုတ်လော။ သို့ဖြစ်ပေရာ အသင်တို့အပေါ်၌ ချိန်းချက် ထားသောထိုအချိန်ကာလသည် ရှည်လျားကြာညောင်း ခဲ့လေပြီလော။သို့တည်းမဟုတ် အသင်တို့သည် မိမိတို့ အပေါ်၌ မိမိတို့အရှင်မြတ်၏ အမျက်တော်သက်ရောက် ခြင်းကို အလိုရှိသောကြောင့်ကျွန်ုပ်နှင့်ထားရှိပြီးဖြစ်သော ကတိကို ဖောက်ဖျက်ခဲ့ကြလေသလော။ |
Hashim Tin Myint ထို့နောက် (တမန်တော်)မူစာသည် ၎င်း၏အမျိုးသားများထံသို့ ဒေါသထွက်ကာ ဝမ်းနည်းပူဆွေးလျက် ပြန်လာခဲ့ပြီပြောသည်- အို- ကျွန်ုပ်၏အမျိုးသားအပေါင်းတို့၊ အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အသင်တို့အား ကောင်းမြတ်သည့်ကတိကို ပေးခဲ့သည်မဟုတ်လော။ ထို့ပြင် ထိုအချိန်ကာလသည် အသင်တို့အပေါ်တွင် ရှည်လျားသွားခဲ့ပြီလော။ သို့မဟုတ် အသင်တို့သည် အသင်တို့အပေါ်တွင် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏အမျက်တော် သက်ရောက်သည်ကို အလိုရှိသည့်အတွက် ကျွန်ုပ်နှင့်ပြုထားသည့် ကတိကို ဖောက်ဖျက်ခဲ့ကြသလော။ |