Quran with Burmese translation - Surah Al-Anbiya’ ayat 61 - الأنبيَاء - Page - Juz 17
﴿قَالُواْ فَأۡتُواْ بِهِۦ عَلَىٰٓ أَعۡيُنِ ٱلنَّاسِ لَعَلَّهُمۡ يَشۡهَدُونَ ﴾
[الأنبيَاء: 61]
﴿قالوا فأتوا به على أعين الناس لعلهم يشهدون﴾ [الأنبيَاء: 61]
Ba Sein ၆၁။ သူတို့က တဖန်ဆိုသည်မှာ သို့ပါလျှင် လူထုက သက်သေခံနိုင်ဖို့ရာ ထိုအေဗရာဟမ်ကို လူထုရှေ့သို့ ဆွဲထုတ် ကြလော့။ |
Ghazi Mohammad Hashim (ထိုအခါ) ယင်းအမျိုးသားတို့က သို့ဖြစ်လျှင်အသင်တို့သည် အိဗ်ရာဟီမ်အား လူအပေါင်းတို့၏မျက်မှောက်သို့ ၎င်းတို့(အားလုံး အိဗ်ရာဟီမ်)အား မြင်နိုင်ကြအံ့သောငှာ ခေါ်ဆောင်ခဲ့ကြလေကုန်ဟု ပြောဆိုကြလေ၏။ |
Hashim Tin Myint သူတို့က သို့ဖြစ်လျှင် အသင်တို့သည် ၎င်းကို လူများ၏ရှေ့မှောက်၌ သူတို့မြင်နိုင်ကြရန် ခေါ်ဆောင်လာခဲ့ကြပါဟု ပြောဆိုကြသည်။ |