Quran with Burmese translation - Surah Al-Anbiya’ ayat 73 - الأنبيَاء - Page - Juz 17
﴿وَجَعَلۡنَٰهُمۡ أَئِمَّةٗ يَهۡدُونَ بِأَمۡرِنَا وَأَوۡحَيۡنَآ إِلَيۡهِمۡ فِعۡلَ ٱلۡخَيۡرَٰتِ وَإِقَامَ ٱلصَّلَوٰةِ وَإِيتَآءَ ٱلزَّكَوٰةِۖ وَكَانُواْ لَنَا عَٰبِدِينَ ﴾
[الأنبيَاء: 73]
﴿وجعلناهم أئمة يهدون بأمرنا وأوحينا إليهم فعل الخيرات وإقام الصلاة وإيتاء الزكاة﴾ [الأنبيَاء: 73]
Ba Sein ၇၃။ ထို့အပြင်ငါသည် သူတို့အား ငါ၏အမိန့်ဗျာဒိတ်တော်အားဖြင့် လမ်းပြသောအကြီးအကဲများဖြစ်စေတော်မူ၏၊ ထို့အပြင်ငါသည် သူတို့၏စိတ်နှလုံးအတွင်း၌ ဗျာဒိတ်တော်ကို ထင်ရှားစေတော်မူ၏၊ ဗျာဒိတ်တော်က သုစရိုက် ကောင်းမှုပွားများရန် ဆွလားသ်ဝတ်ပြုရန်နှင့် ဇကားသ်အလှုပေးကမ်းရန် ပညတ်၏၊ ထို့အပြင် သူတို့သည် ငါ့အားသာလျှင် ရှိခိုးဝတ်ပြုကြသူများဖြစ်ကြ၏။ |
Ghazi Mohammad Hashim ထိုနည်းတူစွာ ငါအရှင်မြတ်သည် ၎င်းတို့အားငါအရှင်မြတ်၏အမိန့်တော်နှင့် (ဝေနေယျသတ္တဝါများအား)တရားလမ်းမှန်ကို ညွှန်ပြကြလေသော ရှေ့ဆောင် ရှေ့ရပ်များအဖြစ်သို့ ချီးမြှင့်တော်မူခဲ့၏။ တစ်ဖန် ငါအရှင်မြတ်သည် ထိုသူတို့ထံ ကောင်းမြတ်သော အကျင့်အမူများကို ကျင့်မူ ဆောက်တည်ကြရန်လည်းကောင်း၊ ဆွလာတ် ဝတ်ပြုမှုကို ဆောက်တည်ရန်လည်းကောင်း၊ ဇကာတ်ပေးဆောင်ရန်လည်းကောင်း၊"ဝဟ်ယ်" အမိန့်တော်ကို ထုတ်ပြန်တော်မူခဲ့၏။ စင်စစ် ၎င်းတို့သည် ငါအရှင်မြတ်အား ခဝပ်ကိုးကွယ်သူများပင် ဖြစ်ခဲ့ကြကုန်သတည်း။ |
Hashim Tin Myint ထို့ပြင် ငါအရှင်မြတ်သည် ၎င်း(တမန်တော်အားလုံး)တို့ကို ငါအရှင်မြတ်၏အမိန့်တော်နှင့် လမ်းမှန်ညွှန်ကြားပြသကြသော ရှေ့ဆောင်များအဖြစ်ကို ချီးမြှင့်တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့ထံသို့ ကောင်းမြတ်သည့်လုပ်ရပ်များကို ပြုလုပ်ကြရန်၊ စွလာသ်ဝတ်ပြုကြရန်နှင့် ဇကာသ်ပေးဆောင်ကြရန် ဝဟီအမိန့်တော်ကို ထုတ်ပြန်တော်မူခဲ့သည်။ ထို့ပြင် ၎င်း(တမန်တော်အားလုံး)တို့သည် ငါအရှင်မြတ်အား ကိုးကွယ်သူများပင် ဖြစ်ခဲ့ကြသည်။ |