×

ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် သက်ဝင်ယုံကြည်ပြီး ဖြောင့်မတ်မှန်ကန်စွာ ပြုမူကျင့်ကြံသူတို့အား အောက်ခြေ၌ စိမ့်စမ်းရေ တသွင်သွင်စီးဆင်းနေသော သုခဥယျာဉ်များထဲသို့ ဝင်ရောက်ခွင့် ပေးတော်မူပြီး သူတို့သည် 22:23 Burmese translation

Quran infoBurmeseSurah Al-hajj ⮕ (22:23) ayat 23 in Burmese

22:23 Surah Al-hajj ayat 23 in Burmese (البورمية)

Quran with Burmese translation - Surah Al-hajj ayat 23 - الحج - Page - Juz 17

﴿إِنَّ ٱللَّهَ يُدۡخِلُ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ جَنَّٰتٖ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ يُحَلَّوۡنَ فِيهَا مِنۡ أَسَاوِرَ مِن ذَهَبٖ وَلُؤۡلُؤٗاۖ وَلِبَاسُهُمۡ فِيهَا حَرِيرٞ ﴾
[الحج: 23]

ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် သက်ဝင်ယုံကြည်ပြီး ဖြောင့်မတ်မှန်ကန်စွာ ပြုမူကျင့်ကြံသူတို့အား အောက်ခြေ၌ စိမ့်စမ်းရေ တသွင်သွင်စီးဆင်းနေသော သုခဥယျာဉ်များထဲသို့ ဝင်ရောက်ခွင့် ပေးတော်မူပြီး သူတို့သည် ထို (သုခဥယျာဉ်) ထဲတွင် ရွှေလက်ကောက် (လက်မောင်းပတ်)များနှင့် ပုလဲများဖြင့် အလှတန်ဆာ ဆင်ယင်ပေးခြင်းကို ခံကြရသည့်အပြင် ထို (သုခဥယျာဉ်) ထဲတွင် သူတို့၏ဝတ် စားတန်ဆာများမှာလည်း ပိုးအဝတ်များပင် ဖြစ်ချေမည်။

❮ Previous Next ❯

ترجمة: إن الله يدخل الذين آمنوا وعملوا الصالحات جنات تجري من تحتها الأنهار, باللغة البورمية

﴿إن الله يدخل الذين آمنوا وعملوا الصالحات جنات تجري من تحتها الأنهار﴾ [الحج: 23]

Ba Sein
၂၃။ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ်သည် ယုံကြည်၍ ကောင်းမှုပွားများသူတို့အား သုခဘုံဥယျာဉ် တော်များ အတွင်း ဝင်စေတော်မူမည်၊ ထိုဥယျာဉ်တော်များအောက်တွင် စိမ့်စမ်းချောင်းမြောင်းအယဉ်အထွေထွေစီးဆင်း လျက်ရှိ၏၊ သုခဘုံတွင် သူတို့သည် ရွှေလက်ကောက်ပုလဲရတနာနှင့် ပိုးဖဲအဝတ်အစားများကို ဆင်မြန်းကြ ရလတ့ံ။
Ghazi Mohammad Hashim
ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် သက်ဝင်ယုံကြည်ခဲ့ကြသည့်ပြင် ကောင်းမြတ်သော အကျင့်သီလများကိုလည်း ကျင့်မူဆောက်တည်ခဲ့ကြကုန်သော သူတို့အား အကြင်ဥယျာဉ်များသို့ ဝင်ရောက်စေတော် မူပေမည်။ ထိုဥယျာဉ်များအောက်မှ ချောင်းများ စီးတွေလျက် ရှိကြပေမည်။ ထိုသူသည် ယင်းဥယျာဉ်များတွင် ရွှေလက်ကောက်(လက်မောင်းပတ်)များဖြင့်လည်း ကောင်း၊ ပုလဲများဖြင့်လည်းကောင်း တန်ဆာဆင်ယင်ပေးခြင်းကို ခံကြရပေမည်။ ထိုမှတစ်ပါး ယင်းဥယျာဉ်များတွင် ၎င်းတို့၏ဝတ်စားတန်ဆာများသည် ပိုးအဝတ်များပင်ဖြစ်ချေမည်။
Hashim Tin Myint
အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အီမာန်ယုံကြည်၍ ‌ကောင်းမြတ်လုပ်ရပ်များကို ပြုလုပ်ခဲ့ကြ‌သောသူများအား အကြင်ဥယျာဉ်များသို့ ဝင်‌ရောက်‌စေ‌တော်မူမည်။ ထိုဥယျာဉ်များ၏‌အောက်မှ စမ်း‌ရေ‌ချောင်းများစီးဆင်း‌နေမည်။ ထိုသူများသည် ၎င်းဥယျာဉ်များတွင် ‌ရွှေလက်‌ကောက်(လက်ပတ်)များနှင့်၊ ပုလဲများဖြင့် တန်ဆာဆင်ယင်‌ပေးခြင်းကို ခံကြရမည်။ ထို့ပြင် ၎င်းဥယျာဉ်များတွင် သူတို့၏အဝတ်အစားများသည် ပိုးထည်များဖြစ်မည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek