×

ဧကန်စင်စစ်၊ မယုံကြည်သူများ (နှင့်အမှန်တရားကို ငြင်းပယ်ဖုံးကွယ်သူများ) သည် (အခြား လူတို့အား) အလ္လာဟ်အရှင်မြတ်၏လမ်းတော်မှ ပိတ်ပင်တားဆီးသည့်အပြင် အထွတ်အမြတ်ဆုံးဗလီ ဝတ် ကျောင်းတော်အား 22:25 Burmese translation

Quran infoBurmeseSurah Al-hajj ⮕ (22:25) ayat 25 in Burmese

22:25 Surah Al-hajj ayat 25 in Burmese (البورمية)

Quran with Burmese translation - Surah Al-hajj ayat 25 - الحج - Page - Juz 17

﴿إِنَّ ٱلَّذِينَ كَفَرُواْ وَيَصُدُّونَ عَن سَبِيلِ ٱللَّهِ وَٱلۡمَسۡجِدِ ٱلۡحَرَامِ ٱلَّذِي جَعَلۡنَٰهُ لِلنَّاسِ سَوَآءً ٱلۡعَٰكِفُ فِيهِ وَٱلۡبَادِۚ وَمَن يُرِدۡ فِيهِ بِإِلۡحَادِۭ بِظُلۡمٖ نُّذِقۡهُ مِنۡ عَذَابٍ أَلِيمٖ ﴾
[الحج: 25]

ဧကန်စင်စစ်၊ မယုံကြည်သူများ (နှင့်အမှန်တရားကို ငြင်းပယ်ဖုံးကွယ်သူများ) သည် (အခြား လူတို့အား) အလ္လာဟ်အရှင်မြတ်၏လမ်းတော်မှ ပိတ်ပင်တားဆီးသည့်အပြင် အထွတ်အမြတ်ဆုံးဗလီ ဝတ် ကျောင်းတော်အား ယင်းဒေသ၌ အမြဲနေထိုင်သူများနှင့်ပြင်ပမှ (ခေတ္တခဏအတွက်) လာရောက်သူများကို (ခွဲခြားခြင်းမရှိဘဲ) လူသားအားလုံးအတွက် ညီတူညီမျှ (အခွင့်အရေးခံစားရာ ဗဟိုဌာန) အဖြစ် ပြဌာန်းထားတော်မူသော်လည်း (ယုံကြည်သူများကို ယင်းမှ) ပိတ်ပင်တားဆီးကြ၏။ သို့ရာတွင် မည်သူမဆို ယင်း (ဗလီဝတ်ကျောင်းတော်) ၌ အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံခြင်းဖြင့် သွေဖည်ဖောက်ပြန်ရန် ကြံရွယ်သည်ရှိသော် ငါအရှင်မြတ်သည် ထိုသူအား ပြင်းပြနာကျင်ဖွယ်ရာ စူးနစ်သော ပြစ်ဒဏ်ကို မြည်းစမ်းစေတော်မူလိမ့်မည်။

❮ Previous Next ❯

ترجمة: إن الذين كفروا ويصدون عن سبيل الله والمسجد الحرام الذي جعلناه للناس, باللغة البورمية

﴿إن الذين كفروا ويصدون عن سبيل الله والمسجد الحرام الذي جعلناه للناس﴾ [الحج: 25]

Ba Sein
၂၅။ မှတ်သားကြလော့၊ မယုံကြည်၍ သူတပါးအား အလ္လာဟ်အရှင်မြတ်၏ လမ်းတော်နှင့် အရှင်မြတ်၏ ဘေးမဲ့ ကျောင်းတော်မှ တားမြစ်ကာဆီးထားသောသူတို့နှင့် ထိုကျောင်းတော်ကြီးတွင် မတရားပြုကျင့်သူတို့အား ငါသည် အလွန်ပြင်းပြနာကျင်ဖွယ်သောအပြစ်ဒဏ်ကြီးကို မြည်းစေတော်မူမည်၊ ထိုကျောင်းတော်ကြီးကို ကျေးလက်သား၊ မြို့သားမဟူ၊ လူသားအားလုံးတို့ဆွလားသ်ဝတ်ကို ဘေးမဲ့ပြုဖို့ရာ ငါအရှင်မြတ်စီမံပြဋ္ဌာန်း ထားတော်မူ၏။
Ghazi Mohammad Hashim
ဧကန်စင်စစ် အကြင်သူတို့သည် သွေဖည် ငြင်းပယ်ခဲ့ကြသည့်ပြင်(သူတစ်ပါးတို့အားလည်း) အလ္လာဟ်အရှင်မြတ်၏ လမ်းတော်မှလည်းကောင်း၊ အကြင်ရိုသေအပ်သော မတ်စ်ဂျိဒ်ဗလီဝတ်ကျောင်းတော်မှလည်းကောင်း၊ ပိတ်ပင်တားဆီးကြကုန်၏။ ငါအရှင်မြတ်သည် ယင်းဗလီဝတ်ကျောင်းတော်ကို ယင်း၌ အမြဲနေထိုင်သောသူ၊ ပြင်ပမှ (ခေတ္တခဏ)လာရောက်သောသူဟူ၍(ခွဲခြားခြင်းမရှိဘဲ)လူသားတို့အဖို့ ညီတူညီမျှ(အခွင့်အရေးခံစားရာဗဟိုဌာန)အဖြစ် ပြဋ္ဌာန်းထားတော်မူခဲ့၏။ သို့ရာတွင်မူကား မည်သူမဆို ယင်းဗလီဝတ်ကျောင်းတော်၌ တစ်စုံတစ်ရာ အယူဝါဒဖောက်ပြန်မှု၊ တစ်စုံတစ်ရာမတရားမှုကို(တစ်နည်း) တစ်စုံတစ်ရာ အယူဝါဒဖောက်ပြန်မှုကို မတရားသဖြင့် ကြံရွယ်သည်ရှိသော် ငါအရှင်မြတ်သည် ထိုသူအား နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်ကို မြည်းစမ်းစေတော် မူအံ့သတည်း။
Hashim Tin Myint
အမှန်စင်စစ် အကြင်သူတို့သည် ငြင်းပယ်ခဲ့ကြသည့်အပြင် (သူများကိုလည်း)အလ္လာဟ်အရှင်မြတ်၏လမ်း‌တော်နှင့် အကြင်ထွတ်မြတ်‌သော ဗလီဝတ်‌ကျောင်း‌တော်မှ* ပိတ်ပင်တားဆီးခဲ့ကြသည်။ ငါအရှင်မြတ်သည် ထိုဗလီဝတ်‌ကျောင်း‌တော်အား ၎င်းတွင် အမြဲ‌နေထိုင်သူနှင့်၊ အပြင်မှ (‌ခေတ္တ)လာ‌ရောက်သူဟု (မခွဲခြားဘဲ) လူသားများအတွက် အညီအမျှ (အခွင့်အ‌ရေးရရှိ‌သော‌နေရာ)အဖြစ် သတ်မှတ်‌တော်မူခဲ့သည်။* ထို့ပြင် မည်သူမဆို ထိုဗလီဝတ်‌ကျောင်း‌တော်တွင် ‌ကောက်‌ကွေ့‌သောလမ်း(သာသနာမဲလုပ်ရပ်)ကို မတရားမှုနှင့်တကွ ကြံရွယ်လျှင် ငါအရှင်မြတ်သည် ထိုသူ့အား နာကျင်‌စေသည့်ပြစ်ဒဏ်ကို မြည်းစမ်း‌စေ‌တော်မူမည်ဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek