×

ဧကန်စင်စစ်၊ မယုံကြည်သူများ (နှင့်အမှန်တရားကို ငြင်းပယ်ဖုံးကွယ်သူများ) သည် (အခြား လူတို့အား) အလ္လာဟ်အရှင်မြတ်၏လမ်းတော်မှ ပိတ်ပင်တားဆီးသည့်အပြင် အထွတ်အမြတ်ဆုံးဗလီ ဝတ် ကျောင်းတော်အား 22:25 Burmese translation

Quran infoBurmeseSurah Al-hajj ⮕ (22:25) ayat 25 in Burmese

22:25 Surah Al-hajj ayat 25 in Burmese (البورمية)

Quran with Burmese translation - Surah Al-hajj ayat 25 - الحج - Page - Juz 17

﴿إِنَّ ٱلَّذِينَ كَفَرُواْ وَيَصُدُّونَ عَن سَبِيلِ ٱللَّهِ وَٱلۡمَسۡجِدِ ٱلۡحَرَامِ ٱلَّذِي جَعَلۡنَٰهُ لِلنَّاسِ سَوَآءً ٱلۡعَٰكِفُ فِيهِ وَٱلۡبَادِۚ وَمَن يُرِدۡ فِيهِ بِإِلۡحَادِۭ بِظُلۡمٖ نُّذِقۡهُ مِنۡ عَذَابٍ أَلِيمٖ ﴾
[الحج: 25]

ဧကန်စင်စစ်၊ မယုံကြည်သူများ (နှင့်အမှန်တရားကို ငြင်းပယ်ဖုံးကွယ်သူများ) သည် (အခြား လူတို့အား) အလ္လာဟ်အရှင်မြတ်၏လမ်းတော်မှ ပိတ်ပင်တားဆီးသည့်အပြင် အထွတ်အမြတ်ဆုံးဗလီ ဝတ် ကျောင်းတော်အား ယင်းဒေသ၌ အမြဲနေထိုင်သူများနှင့်ပြင်ပမှ (ခေတ္တခဏအတွက်) လာရောက်သူများကို (ခွဲခြားခြင်းမရှိဘဲ) လူသားအားလုံးအတွက် ညီတူညီမျှ (အခွင့်အရေးခံစားရာ ဗဟိုဌာန) အဖြစ် ပြဌာန်းထားတော်မူသော်လည်း (ယုံကြည်သူများကို ယင်းမှ) ပိတ်ပင်တားဆီးကြ၏။ သို့ရာတွင် မည်သူမဆို ယင်း (ဗလီဝတ်ကျောင်းတော်) ၌ အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံခြင်းဖြင့် သွေဖည်ဖောက်ပြန်ရန် ကြံရွယ်သည်ရှိသော် ငါအရှင်မြတ်သည် ထိုသူအား ပြင်းပြနာကျင်ဖွယ်ရာ စူးနစ်သော ပြစ်ဒဏ်ကို မြည်းစမ်းစေတော်မူလိမ့်မည်။

❮ Previous Next ❯

ترجمة: إن الذين كفروا ويصدون عن سبيل الله والمسجد الحرام الذي جعلناه للناس, باللغة البورمية

﴿إن الذين كفروا ويصدون عن سبيل الله والمسجد الحرام الذي جعلناه للناس﴾ [الحج: 25]

Ghazi Mohammad Hashim
ဧကန်စင်စစ် အကြင်သူတို့သည် သွေဖည် ငြင်းပယ်ခဲ့ကြသည့်ပြင်(သူတစ်ပါးတို့အားလည်း) အလ္လာဟ်အရှင်မြတ်၏ လမ်းတော်မှလည်းကောင်း၊ အကြင်ရိုသေအပ်သော မတ်စ်ဂျိဒ်ဗလီဝတ်ကျောင်းတော်မှလည်းကောင်း၊ ပိတ်ပင်တားဆီးကြကုန်၏။ ငါအရှင်မြတ်သည် ယင်းဗလီဝတ်ကျောင်းတော်ကို ယင်း၌ အမြဲနေထိုင်သောသူ၊ ပြင်ပမှ (ခေတ္တခဏ)လာရောက်သောသူဟူ၍(ခွဲခြားခြင်းမရှိဘဲ)လူသားတို့အဖို့ ညီတူညီမျှ(အခွင့်အရေးခံစားရာဗဟိုဌာန)အဖြစ် ပြဋ္ဌာန်းထားတော်မူခဲ့၏။ သို့ရာတွင်မူကား မည်သူမဆို ယင်းဗလီဝတ်ကျောင်းတော်၌ တစ်စုံတစ်ရာ အယူဝါဒဖောက်ပြန်မှု၊ တစ်စုံတစ်ရာမတရားမှုကို(တစ်နည်း) တစ်စုံတစ်ရာ အယူဝါဒဖောက်ပြန်မှုကို မတရားသဖြင့် ကြံရွယ်သည်ရှိသော် ငါအရှင်မြတ်သည် ထိုသူအား နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်ကို မြည်းစမ်းစေတော် မူအံ့သတည်း။
Hashim Tin Myint
အမှန်စင်စစ် အကြင်သူတို့သည် ငြင်းပယ်ခဲ့ကြသည့်အပြင် (သူများကိုလည်း)အလ္လာဟ်အရှင်မြတ်၏လမ်း‌တော်နှင့် အကြင်ထွတ်မြတ်‌သော ဗလီဝတ်‌ကျောင်း‌တော်မှ* ပိတ်ပင်တားဆီးခဲ့ကြသည်။ ငါအရှင်မြတ်သည် ထိုဗလီဝတ်‌ကျောင်း‌တော်အား ၎င်းတွင် အမြဲ‌နေထိုင်သူနှင့်၊ အပြင်မှ (‌ခေတ္တ)လာ‌ရောက်သူဟု (မခွဲခြားဘဲ) လူသားများအတွက် အညီအမျှ (အခွင့်အ‌ရေးရရှိ‌သော‌နေရာ)အဖြစ် သတ်မှတ်‌တော်မူခဲ့သည်။* ထို့ပြင် မည်သူမဆို ထိုဗလီဝတ်‌ကျောင်း‌တော်တွင် ‌ကောက်‌ကွေ့‌သောလမ်း(သာသနာမဲလုပ်ရပ်)ကို မတရားမှုနှင့်တကွ ကြံရွယ်လျှင် ငါအရှင်မြတ်သည် ထိုသူ့အား နာကျင်‌စေသည့်ပြစ်ဒဏ်ကို မြည်းစမ်း‌စေ‌တော်မူမည်ဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek