Quran with Burmese translation - Surah Al-hajj ayat 26 - الحج - Page - Juz 17
﴿وَإِذۡ بَوَّأۡنَا لِإِبۡرَٰهِيمَ مَكَانَ ٱلۡبَيۡتِ أَن لَّا تُشۡرِكۡ بِي شَيۡـٔٗا وَطَهِّرۡ بَيۡتِيَ لِلطَّآئِفِينَ وَٱلۡقَآئِمِينَ وَٱلرُّكَّعِ ٱلسُّجُودِ ﴾
[الحج: 26]
﴿وإذ بوأنا لإبراهيم مكان البيت أن لا تشرك بي شيئا وطهر بيتي﴾ [الحج: 26]
Ba Sein ၂၆။ အို--တမန်တော်၊ မှတ်သားလော့၊ ငါသည် တမန်တော်အေဗရာဟမ်အား ကျောင်းတော်ကြီးတည်ရာနေရာဌာန ကို သတ်မှတ်ပေးသနားတော်မူ၏၊ ငါက အို--အေဗရာဟမ်၊ သင်သည် တစ်စုံတစ်ခုသောဝထ္ထုကိုမှ ငါနှင့် တန်းတူတွဲဖက်ခြင်းမပြုလင့်၊ ကျောင်းတော်ကြီးကို လှည့်ပတ်သူ၊ ကျောင်းတော်ကြီးတွင် ဆွလားသ်ဝတ်ပြုရာတွင် မတ်မတ်ရပ်သူပျပ်ဝပ်ဦးချသူစသည့်အပေါင်းအဖို့အရာ ငါ၏ကျောင်းတော်ကြီးကို စင်ကြယ်သန့်ရှင်းအောင် သုတ်သင်ရှင်းလင်းထားရှိရမည်ဟု မိန့်တော်မူ၏။ |
Ghazi Mohammad Hashim ထိုမှတစ်ပါး(အို-နဗီတမန်တော်၊ ပြန်လည် သတိရပါလေ၊) တစ်ရံရောအခါဝယ် ငါအရှင်မြတ်သည် (နဗီတမန်တော်) အိဗ်ရာဟီမ်အား (ထူးမြတ်သော)အိမ်တော်၏နေရာကိုညွှန်ပြ၍ ပေးတော်မူခဲ့၏။ အမိန့်တော်ထုတ်ပြန်တော်မူခဲ့၏။အို-အိဗ်ရာဟီမ်) အသင်သည် မည်သည့်တစ်စုံတစ်ရာကိုပင်ငါအရှင်မြတ်နှင့်တွဲဖက် (နှိုင်းယှဉ်ကိုးကွယ်) ခြင်းကို မပြုပါလေနှင့်။ ထို့ပြင် အသင်သည် ငါအရှင်မြတ်၏ (ထူးမြတ်လှသော)အိမ်တော်ကို တွဝါဖ်လှည့်သူတို့အဖို့လည်းကောင်း၊ ‘ကိယာမ်’ရပ်သူတို့အဖို့လည်းကောင်း၊ ‘ရုကူအ်’ ဦးညွတ်သူတို့နှင့်’စဂျီဒဟ်’ ပျပ်ဝပ် ဦးချသူတို့အဖို့လည်းကောင်း၊ သန့်ရှင်းစင်ကြယ်အောင် ပြုလုပ်၍ထားရှိပါလေ။ |
Hashim Tin Myint ထို့ပြင် တစ်ခါက ငါအရှင်မြတ်သည် (တမန်တော်)အိဗ်ရာဟီမ်အား (ထွတ်မြတ်သည့်)အိမ်တော်၏နေရာကို ညွှန်ပြနေရာချပေးတော်မူခဲ့သည်။ (ထို့ပြင် အရှင်မြတ်က ၎င်းအား အမိန့်ရှိတော်မူခဲ့သည်) အသင်သည် ငါအရှင်မြတ်နှင့် မည်သည့်အရာကိုမှ တွဲဖက်ခြင်း မပြုလုပ်နှင့်။ ထို့ပြင် အသင်သည် ငါအရှင်မြတ်၏အိမ်တော်အား သွဝါးဖ်ပြုလုပ်သူများ၊ ကိယာမ်ရပ်သူများ၊ ရုကူအ်ကိုင်းညွှတ်သူများနှင့် စဂ်ျဒဟ်ဦးချသူများအတွက် သန့်ရှင်းစင်ကြယ်အောင် ပြုလုပ်ထားပါ။ |