Quran with Burmese translation - Surah Al-hajj ayat 28 - الحج - Page - Juz 17
﴿لِّيَشۡهَدُواْ مَنَٰفِعَ لَهُمۡ وَيَذۡكُرُواْ ٱسۡمَ ٱللَّهِ فِيٓ أَيَّامٖ مَّعۡلُومَٰتٍ عَلَىٰ مَا رَزَقَهُم مِّنۢ بَهِيمَةِ ٱلۡأَنۡعَٰمِۖ فَكُلُواْ مِنۡهَا وَأَطۡعِمُواْ ٱلۡبَآئِسَ ٱلۡفَقِيرَ ﴾
[الحج: 28]
﴿ليشهدوا منافع لهم ويذكروا اسم الله في أيام معلومات على ما رزقهم﴾ [الحج: 28]
Ba Sein ၂၈။ လူသားတို့သည် မိမိတို့အကျိုးဖြစ်ထွန်းစေသောအရာများကို တွေ့မြင်ကြရန် ယင်းသို့လာကြလိမ့်မည်၊ သူတို့သည် သတ်မှတ်ထားသောရက်များ၌ အလ္လာဟ်အရှင်မြတ်ပေးသနားတော်မူသော အခြေလေးချောင်းတိရိစ္ဆာန်များအပေါ် ၌ ငါ၏နာမတော်ကို ရွတ်ဖတ်ရန် လာကြလိမ့်မည်၊ ထိုအခါသင်တို့သည် သားကောင်၏ အသားများကို မိမိ တို့လည်း စားသုံးကြလော့၊ ကံဆိုးလှသောသူဆင်းရဲတို့ကိုလည်း ကျွေးမွေးကြလော့။ |
Ghazi Mohammad Hashim မိမိတို့အဖို့ အကျိုးကျေးဇူးရှိရာများသို့ ရောက်ရှိကြအံ့သောငှာလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏နာမံတော်ကို ထိုအရှင်မြတ်က မိမိတို့အား ချီးမြှင့်ပေးသနားတော်မူခဲ့သော ခြေလေးချောင်းတိရစ္ဆာန်အပေါ်၌ သတ်မှတ်ထားသော နေ့ရက်များတွင် (ရွတ်ဖတ်)တသကြအံ့သောငှာလည်းကောင်း၊ ထို့နောက်(တမန်တော်မြတ်၏တပည့်သားတို့)(အသင်)တို့လည်း ယင်းတိရစ္ဆာန်များအနက်မှ မိမိတို့ကိုယ်တိုင်လည်း စားသုံးကြလေကုန်။ မရှိဆင်းရဲသောဒုက္ခိတများအားလည်း ကျွေးမွေးကြလေကုန်။ |
Hashim Tin Myint သူတို့အတွက် အကျိုးကျေးဇူးဖြစ်ထွန်းမည့်နေရာများကို ကြည့်ရှု(ရှာဖွေ)ကြရန်အတွက်၊* ထို့ပြင် အရှင်မြတ်က သူတို့အား ပေးထားသော ခြေလေးချောင်းတိရစာ္ဆန်များအပေါ်* သတ်မှတ်ထားသည့်နေ့ရက်များတွင်* အလ္လာဟ်အရှင်မြတ်၏နာမတော်ကို တသ(၍ ဇဗဟ်ပြုလုပ်)ကြရန်အတွက်ဖြစ်သည်။ ထို့နောက် ထိုတိရစာ္ဆန်များထဲမှ အသင်တို့ကိုယ်တိုင်လည်းစားသုံးကြပါ၊ ထို့ပြင် ဆင်းရဲသား ဒုက္ခရောက်သူများကိုလည်း ကျွေးမွေးကြပါ။ |