Quran with Burmese translation - Surah Al-hajj ayat 31 - الحج - Page - Juz 17
﴿حُنَفَآءَ لِلَّهِ غَيۡرَ مُشۡرِكِينَ بِهِۦۚ وَمَن يُشۡرِكۡ بِٱللَّهِ فَكَأَنَّمَا خَرَّ مِنَ ٱلسَّمَآءِ فَتَخۡطَفُهُ ٱلطَّيۡرُ أَوۡ تَهۡوِي بِهِ ٱلرِّيحُ فِي مَكَانٖ سَحِيقٖ ﴾
[الحج: 31]
﴿حنفاء لله غير مشركين به ومن يشرك بالله فكأنما خر من السماء﴾ [الحج: 31]
Ba Sein ၃၁။ သင်တို့သည် အရှင်မြတ်အားသာ ကိုးကွယ်ကြလော့၊ အရှင်မြတ်အား ဖက်စပ်သူများမပေးကြလင့် အကြောင်း မူကား အရှင်မြတ်အား ဖက်စပ်သူများပေးသောသူမိုက်တို့သည် ကောင်းကင်မှ စောက်ထိုးမိုးမျှော်ကျလာ၍ ငှက်များကို ထိုးဆွကိုက်ဖဲ့စားခြင်းခံရသူကဲ့သို့ဖြစ်ရ၏၊ သို့မဟုတ်လေပြင်းမုန်တိုင်းက ဝေးရာအရပ်သို့ တိုက်ခတ် ပစ်ချသူကဲ့သို့ဖြစ်ရ၏။ |
Ghazi Mohammad Hashim (တစ်ဆူတည်းသော) အလ္လာဟ်အရှင်မြတ် ဘက်သို့ တစ်စိတ်တစ်လက်တည်း လှည့်ကြလျက် (မည်သည့် တစ်စုံတစ်ရာကိုမျှပင်) ထိုအရှင်မြတ်နှင့် တွဲဖက်(နှိုင်းယှဉ် ကိုးကွယ်)သူများ မဖြစ်ကြဘဲ။ စင်စစ်သော်ကား မည်သူမဆို (တစ်စုံတစ်ရာကို) အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက် (နှိုင်းယှဉ်ကိုးကွယ်) ပါလျှင် ထိုသူသည် မိုးကောင်းကင်မှ ကျလာဘိသကဲ့သို့ပင်။ ထို့နောက် ၎င်းအား (အသေသားစားသော) ငှက်တိရစ္ဆာန်များက သုတ်ယူမည်ဖြစ်ပေသည်။ သို့တည်းမဟုတ် လေသည် ၎င်းအားဝေးလံစွာသောနေရာသို့ (ပို့ဆောင်) ပစ်ချေမည်ပင် ဖြစ်ချေသတည်း။ |
Hashim Tin Myint အလ္လာဟ်အရှင်မြတ်ဘက်သို့ တစ်စိတ်တစ်လက်တည်း လှည့်ကြလျက် အရှင်မြတ်နှင့် မည်သည့်အရာကိုမှ တွဲဖက်ကိုးကွယ်သူများ မဖြစ်ကြဘဲ(ရှိရမည်)။ ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်လျှင် ထိုသူသည် မိုးကောင်းကင်မှ ကျလာသကဲ့သို့ဖြစ်ပြီး သူ့အား (အသေသားစားသည့်)ငှက်များက သုတ်ယူလိုက်မည်ဖြစ်သည်။ သို့မဟုတ် လေက သူ့အား ဝေးလံသည့်နေရာတွင် ပစ်ချလိုက်မည်ပင်ဖြစ်သည်။ |