×

ထိုကဲ့သို့ပင် (အရှင်မြတ်မိန့်တော်မူသမျှသည် အမှန်တရားသစ္စာပင် ဖြစ်၏။) မည်သူမဆို အလ္လာဟ်အရှင်မြတ်၏အမှတ်သညာများ (ဖြစ်သော သောကြာနေ့စုပေါင်းဝတ်ပြုမှု အီးဒ်ပွဲတော် ဝတ်ပြုမှုများ နေ့ စဉ်ငါးကြိမ် 22:32 Burmese translation

Quran infoBurmeseSurah Al-hajj ⮕ (22:32) ayat 32 in Burmese

22:32 Surah Al-hajj ayat 32 in Burmese (البورمية)

Quran with Burmese translation - Surah Al-hajj ayat 32 - الحج - Page - Juz 17

﴿ذَٰلِكَۖ وَمَن يُعَظِّمۡ شَعَٰٓئِرَ ٱللَّهِ فَإِنَّهَا مِن تَقۡوَى ٱلۡقُلُوبِ ﴾
[الحج: 32]

ထိုကဲ့သို့ပင် (အရှင်မြတ်မိန့်တော်မူသမျှသည် အမှန်တရားသစ္စာပင် ဖြစ်၏။) မည်သူမဆို အလ္လာဟ်အရှင်မြတ်၏အမှတ်သညာများ (ဖြစ်သော သောကြာနေ့စုပေါင်းဝတ်ပြုမှု အီးဒ်ပွဲတော် ဝတ်ပြုမှုများ နေ့ စဉ်ငါးကြိမ် ဝတ်ပြုမှုအတွက် ဖိတ်ခေါ်ခြင်း ဟဂျ်ဝတ်ပြုခြင်းနှင့်ဆင်း ရဲချို့တဲ့သူများအတွက် သားကောင်များကို စွန့်လှူခြင်း စသည်တို့) ကို အမြတ်တနိုးထား၍ ရိုသေခန့်ညားလျှင် ယင်းသည် စိတ်နှလုံးများမှ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးခြင်းများ အနက်မှပင် ဖြစ်၏။

❮ Previous Next ❯

ترجمة: ذلك ومن يعظم شعائر الله فإنها من تقوى القلوب, باللغة البورمية

﴿ذلك ومن يعظم شعائر الله فإنها من تقوى القلوب﴾ [الحج: 32]

Ba Sein
၃၂။ ယင်းအချက်သည် အလ္လာဟ်အရှင်မြတ်၏ ပညတ်တော်ဖြစ်၏၊ အကြင်သူသည် အရှင်မြတ်၏ သာဓကတော် များကို ရိုသေလေးစားအ့ံ၊ ထိုလေးစားခြင်းသည် စိတ်နှလုံးများ၏ လှိုက်လှိုက်လှဲလှဲတရားကြည်ညိုမှုမှ အမှန် ဖြစ်၏။
Ghazi Mohammad Hashim
(အမိန့်တော်သည်)ဤသည်ပင်၊ စင်စစ်မူကား မည်သူမဆို အလ္လာဟ်အရှင်မြတ်၏ အထိမ်းအမှတ်တော်များကို ရိုသေခန့်ညားပါလျှင် ယင်းရိုသေခန့်ညားမှုသည် စိတ်နှလုံးများမှ ရိုသေလိုက်နာမှုပင်ဖြစ်ပေသည်။
Hashim Tin Myint
ဤသည်(အမိန့်‌တော်ပင်ဖြစ်သည်)၊ ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်၏ အထိမ်းအမှတ်များကို* ‌လေးစားလျှင် အမှန်စင်စစ် ထို‌လေးစားမှုသည် စိတ်နှလုံးများက ‌လေးစားလိုက်နာမှုပင် ဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek