Quran with Burmese translation - Surah Al-hajj ayat 30 - الحج - Page - Juz 17
﴿ذَٰلِكَۖ وَمَن يُعَظِّمۡ حُرُمَٰتِ ٱللَّهِ فَهُوَ خَيۡرٞ لَّهُۥ عِندَ رَبِّهِۦۗ وَأُحِلَّتۡ لَكُمُ ٱلۡأَنۡعَٰمُ إِلَّا مَا يُتۡلَىٰ عَلَيۡكُمۡۖ فَٱجۡتَنِبُواْ ٱلرِّجۡسَ مِنَ ٱلۡأَوۡثَٰنِ وَٱجۡتَنِبُواْ قَوۡلَ ٱلزُّورِ ﴾
[الحج: 30]
﴿ذلك ومن يعظم حرمات الله فهو خير له عند ربه وأحلت لكم﴾ [الحج: 30]
Ba Sein ၃ဝ။ ယင်းအချက်သည် အလ္လာဟ်အရှင်မြတ်၏ ပညတ်တော်ဖြစ်၏၊ အကြင်သူသည် အရှင်မြတ်နှင့်သက်ဆိုင်ရာများကို အမြတ်တနိုးလေးစားစောင့်ရှောက်အ့ံ၊ ထိုသူသည် အရှင်မြတ်၏ မျက်နှာတော်၌ ကောင်းမြတ်မည်၊ သင်တို့အား မသန့်ရှင်းဟု ဗျာဒိတ်တော်များလာပြီးသော တိရိစ္ဆာန်များမှတပါး အခြားခြေလေးချောင်းတိရိစ္ဆာန်များသည် သင်တို့အဖို့ တရားဝင်သောအစာဖြစ်၏၊ ထို့အပြင်ရုပ်ပွားဆင်းတုများကိုးကွယ်ခြင်း၊ အညစ်အကြေးနှင့် မုသား စကားဆိုခြင်းကို ရှောင်ကြဉ်ကြလော့။ |
Ghazi Mohammad Hashim (အမိန့်တော်သည်) ဤသည်ပင်၊ စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်၏ရိုသေအပ်သော အမိန့်ပညတ်တော်များကို ရိုသေခန့်ညားပါလျှင် ယင်းရိုသေခန့်ညားမှုသည် ထိုသူအဖို့ ၎င်းအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်တွင် အကောင်းဆုံးပင်ဖြစ်ပေသည်။ စင်စစ် အသင်တို့ရှေ့ဝယ် ဖတ်ကြားဖော်ပြပြီးဖြစ်သော တိရစ္ဆာန်များမှတစ်ပါး ကျန်ခြေလေးချောင်းတိရစ္ဆာန်များကို အသင်တို့အဖို့ "ဟလာလ်" တရားဝင် (စားသုံး)ခွင့်ပြုပြီးဖြစ်ချေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် ဆင်းတုများတည်းဟူသော အညစ်အကြေးမှ ရှောင်ရှား ကြလေကုန်။ထိုမှတစ်ပါး အသင်တို့သည် မုသားပြောဆိုခြင်းမှလည်း ကြည်ရှောင်ကြလေကုန်။ |
Hashim Tin Myint ဤအချက်များအား (သတိထားကြပါ)၊ ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်၏ လေးစားရမည့် အမိန့်ပညတ်တော်များကို* လေးစားလျှင် ထိုသူ့အတွက် သူ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်တွင် အကောင်းဆုံးပင်ဖြစ်သည်။ ထို့ပြင် အသင်တို့အပေါ်တွင် ဖတ်ကြားပြသပြီးသော တိရစာ္ဆန်များမှလွဲ၍* ကျန်ခြေလေးချောင်းတိရစာ္ဆန်များကို အသင်တို့တွက် ဟလာလ် ခွင့်ပြုပြီးဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့သည် အညစ်အကြေးဖြစ်သော ရုပ်တုများ(ကို တုဖက်ကိုးကွယ်ခြင်း)မှ ရှောင်ကြဉ်ကြပါ။ ထို့ပြင် အသင်တို့သည် မုသားလိမ်လည် ပြောဆိုခြင်းမှလည်း ရှောင်ကြဉ်ကြပါ။ |