×

(အို၊ ရစူလ်တမန်တော်၊) အကယ်၍ သူတို့သည် အသင့်အား မဟုတ်မမှန် လိမ်လည် စွပ်စွဲ၍ ငြင်းပယ် ကြလျှင် (ယင်းသို့ ငြင်းပယ်ခြင်းကား 22:42 Burmese translation

Quran infoBurmeseSurah Al-hajj ⮕ (22:42) ayat 42 in Burmese

22:42 Surah Al-hajj ayat 42 in Burmese (البورمية)

Quran with Burmese translation - Surah Al-hajj ayat 42 - الحج - Page - Juz 17

﴿وَإِن يُكَذِّبُوكَ فَقَدۡ كَذَّبَتۡ قَبۡلَهُمۡ قَوۡمُ نُوحٖ وَعَادٞ وَثَمُودُ ﴾
[الحج: 42]

(အို၊ ရစူလ်တမန်တော်၊) အကယ်၍ သူတို့သည် အသင့်အား မဟုတ်မမှန် လိမ်လည် စွပ်စွဲ၍ ငြင်းပယ် ကြလျှင် (ယင်းသို့ ငြင်းပယ်ခြင်းကား အထူးအဆန်း မဟုတ်ပေ။) ဧကန်ပင်၊ သူတို့မတိုင်မီ (တမန်တော်) နူဟ် အာဒ်နှင့်ဆမူဒ်တို့၏လူမျိုးများလည်း (အလားတူ) မဟုတ်မမှန် လိမ်လည် စွပ်စွဲ၍ ငြင်းပယ်ခဲ့ကြပြီး ဖြစ်၏။

❮ Previous Next ❯

ترجمة: وإن يكذبوك فقد كذبت قبلهم قوم نوح وعاد وثمود, باللغة البورمية

﴿وإن يكذبوك فقد كذبت قبلهم قوم نوح وعاد وثمود﴾ [الحج: 42]

Ba Sein
၄၂။ အို--မိုဟမ္မဒ်၊ သူတို့သည် သင့်ကို မယုံကြည်ငြင်းပယ်လျှင် သင့်အထက်ပွင့်လေပြီးသောငါ၏တမန်တော်များ ကိုလည်း တမန်တော်နူဟို၏လူများ၊ အားဒ်လူမျိုးများနှင့် စမူးဒ်လူမျိုးများသည် ငြင်းဆန်ခဲ့ပြီ။
Ghazi Mohammad Hashim
စင်စစ်အကယ်၍ ၎င်းတို့သည် အသင့်အား မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြပါလျှင် (ယင်းသို့ ငြင်းပယ်ခြင်းကား အထူးအဆန်းမဟုတ်ပေ)။ ဧကန်မလွဲ ထိုသူတို့ထက်အလျင် (နဗီတမန်တော်)နူဟ်၏ အမျိုးသားတို့သည်လည်းကောင်း၊ အာဒ်၏အမျိုးသားတို့သည် လည်းကောင်း၊ဆမူဒ်၏အမျိုးသားတို့သည် လည်းကောင်း၊ မဟုတ်မမှန်ဟူ၍ငြင်းပယ်ခဲ့ကြပြီး ဖြစ်သည်။
Hashim Tin Myint
ထို့ပြင် အကယ်၍ သူတို့သည် အသင့်အား မဟုတ်မမှန်ဟု ငြင်းပယ်ကြလျှင်၊ အမှန်စင်စစ် သူတို့မတိုင်မီ (တမန်‌တော်)နူးဟ်၏အမျိုးသားများ၊ အာဒ်အမျိုးသားများနှင့် ဆမူဒ်အမျိုးသားများသည်လည်း မဟုတ်မမှန်ဟု ငြင်းပယ်ခဲ့ကြပြီးဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek