Quran with Burmese translation - Surah Al-hajj ayat 45 - الحج - Page - Juz 17
﴿فَكَأَيِّن مِّن قَرۡيَةٍ أَهۡلَكۡنَٰهَا وَهِيَ ظَالِمَةٞ فَهِيَ خَاوِيَةٌ عَلَىٰ عُرُوشِهَا وَبِئۡرٖ مُّعَطَّلَةٖ وَقَصۡرٖ مَّشِيدٍ ﴾
[الحج: 45]
﴿فكأين من قرية أهلكناها وهي ظالمة فهي خاوية على عروشها وبئر معطلة﴾ [الحج: 45]
| Ghazi Mohammad Hashim စင်စစ် မြောက်မြားစွာသော မြို့ရွာများကို ငါအရှင်မြတ်သည် ယင်းမြို့၊ ရွာ(သား)များ မတရား ကျူးလွန်သူများ ဖြစ်နေကြစဉ် ဖျက်ဆီးတော်မူခဲ့လေသည်။ သို့ဖြစ်ပေရာ ယင်းမြို့ရွာများ(ရှိတိုက်တာအိမ်ဂေဟာ အစရှိသော အဆောက်အအုံများ ပြိုကျကာ နံရံများ)မှာ ယင်းအဆောက်အအုံများ၏ ခေါင်မိုးများပေါ်သို့ ပြိုကျ(ပျက်စီး)လျက်ရှိနေပေသည်။ ထို့ပြင် များစွာသော ပျက်စီးနေသည့် ရေတွင်းများသည်လည်းကောင်း၊ မြင့်စွင့်သော တိုက်တာအိမ်ဂေဟာ အစရှိသည့် အဆောက်အအုံများသည်လည်းကောင်း၊ (ယခုတိုင်အောင် လက်ငုတ်လက်စအဖြစ်) ကျန်ရှိနေသေး၏။ |