Quran with Burmese translation - Surah Al-hajj ayat 45 - الحج - Page - Juz 17
﴿فَكَأَيِّن مِّن قَرۡيَةٍ أَهۡلَكۡنَٰهَا وَهِيَ ظَالِمَةٞ فَهِيَ خَاوِيَةٌ عَلَىٰ عُرُوشِهَا وَبِئۡرٖ مُّعَطَّلَةٖ وَقَصۡرٖ مَّشِيدٍ ﴾
[الحج: 45]
﴿فكأين من قرية أهلكناها وهي ظالمة فهي خاوية على عروشها وبئر معطلة﴾ [الحج: 45]
Ba Sein ၄၅။ ငါအရှင်မြတ်သည် ဒုစရိုက်မကောင်းမှု၌ နစ်မွန်းနေသောမြို့ရွာနယ်ပယ်များကို ဖျက်ဆီးတော်မူလိုက်၏၊ ထိုနေရပ် တို့သည် ယခုတိုင်ပျက်စီးယိုယွင်းလျက်ရှိကြ၏၊ များစွာသောစွန့်ပစ်ထားသည့်ရေတွင်း၊ မြစ်နှင့်ပြအိုးများလည်း ရှိကြ၏။ |
Ghazi Mohammad Hashim စင်စစ် မြောက်မြားစွာသော မြို့ရွာများကို ငါအရှင်မြတ်သည် ယင်းမြို့၊ ရွာ(သား)များ မတရား ကျူးလွန်သူများ ဖြစ်နေကြစဉ် ဖျက်ဆီးတော်မူခဲ့လေသည်။ သို့ဖြစ်ပေရာ ယင်းမြို့ရွာများ(ရှိတိုက်တာအိမ်ဂေဟာ အစရှိသော အဆောက်အအုံများ ပြိုကျကာ နံရံများ)မှာ ယင်းအဆောက်အအုံများ၏ ခေါင်မိုးများပေါ်သို့ ပြိုကျ(ပျက်စီး)လျက်ရှိနေပေသည်။ ထို့ပြင် များစွာသော ပျက်စီးနေသည့် ရေတွင်းများသည်လည်းကောင်း၊ မြင့်စွင့်သော တိုက်တာအိမ်ဂေဟာ အစရှိသည့် အဆောက်အအုံများသည်လည်းကောင်း၊ (ယခုတိုင်အောင် လက်ငုတ်လက်စအဖြစ်) ကျန်ရှိနေသေး၏။ |
Hashim Tin Myint ထို့နောက် မြို့ရွာအမြောက်အမြားအား ထိုမြို့ရွာသားများသည် မတရားကျူးလွန်သူများဖြစ်နေသည့်အခါ ငါအရှင်မြတ်သည် ဖျက်ဆီးပစ်တော်မူခဲ့သည်။ သို့ဖြစ်ရာ ထိုမြို့ရွာများတွင် (ရှိသည့် အဆောက်အအုံများသည် ပြိုကျ၍ နံရံများ)သည် ထိုအဆောက်အအုံများ၏ခေါင်မိုးများပေါ်သို့ ပြိုကျလျက်ရှိနေခဲ့သည်။ ထို့ပြင် ပျက်စီးနေသော ရေတွင်းများစွာနှင့် မြင့်မားသောအဆောက်အအုံများသည် (ယခုထိ)ကျန်ရှိနေသေးသည်။ |