×

(ထို့ပြင် တစ်ဆူတည်းသောအရှင်မြတ်ကို ယုံကြည်သောကြောင့် ညှင်းပန်းနှိပ်စက်မှုကို ခံခဲ့ရပြီးနောက်) အလ္လာဟ်အရှင်မြတ်၏လမ်းစဉ်တော်၌ (သူတို့၏ဇာတိမြေအိုးအိမ်စည်းစိမ် ခပ်သိမ်းတို့ကိုစွန့်၍) ရွှေ့ ပြောင်းကြ သူတို့သည် (ထိုသို့နေရင်းစွန့်၍ 22:58 Burmese translation

Quran infoBurmeseSurah Al-hajj ⮕ (22:58) ayat 58 in Burmese

22:58 Surah Al-hajj ayat 58 in Burmese (البورمية)

Quran with Burmese translation - Surah Al-hajj ayat 58 - الحج - Page - Juz 17

﴿وَٱلَّذِينَ هَاجَرُواْ فِي سَبِيلِ ٱللَّهِ ثُمَّ قُتِلُوٓاْ أَوۡ مَاتُواْ لَيَرۡزُقَنَّهُمُ ٱللَّهُ رِزۡقًا حَسَنٗاۚ وَإِنَّ ٱللَّهَ لَهُوَ خَيۡرُ ٱلرَّٰزِقِينَ ﴾
[الحج: 58]

(ထို့ပြင် တစ်ဆူတည်းသောအရှင်မြတ်ကို ယုံကြည်သောကြောင့် ညှင်းပန်းနှိပ်စက်မှုကို ခံခဲ့ရပြီးနောက်) အလ္လာဟ်အရှင်မြတ်၏လမ်းစဉ်တော်၌ (သူတို့၏ဇာတိမြေအိုးအိမ်စည်းစိမ် ခပ်သိမ်းတို့ကိုစွန့်၍) ရွှေ့ ပြောင်းကြ သူတို့သည် (ထိုသို့နေရင်းစွန့်၍ ပြောင်းရွေ့နေထိုင်စဉ်) အသတ်ခံခဲ့ကြရသည်ဖြစ်စေ၊ သို့မဟုတ် သေဆုံးခဲ့ကြသည်ဖြစ်စေ၊ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် သူတို့အား အလွန်ကောင်းမြတ်သော ရိက္ခာအထောက်အပံ့ များဖြင့် ရိက္ခာချီးမြှင့်ပေးအပ်တော်မူမည်။ ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် အကောင်းမြတ်ဆုံး ရိက္ခာ ထောက်ပံ့တော်မူသောအရှင် မုချပင် ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: والذين هاجروا في سبيل الله ثم قتلوا أو ماتوا ليرزقنهم الله رزقا, باللغة البورمية

﴿والذين هاجروا في سبيل الله ثم قتلوا أو ماتوا ليرزقنهم الله رزقا﴾ [الحج: 58]

Ba Sein
၅၈။ အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်၏ သာသနာတော်အတွက် မိမိတို့မြို့ရွာနေရပ်မှ ထွက်ပြေးပြီးနောက် အသတ်ခံရကြအ့ံ၊ သို့မဟုတ် အလိုအလျောက်ကွယ်လွန်သေဆုံးကြအ့ံ၊ ထိုသူတို့အား အလ္လာဟ်အရှင်မြတ်သည် ကောင်းမြတ်သောစည်းစိမ်ရိက္ခာကို အမှန်အကန်ပေးသနားတော်မူလိမ့်မည်၊ မှတ်သားကြလော့၊ အလ္လာဟ်အရှင် မြတ်သည် စည်းစိမ်ရိက္ခာပေးသနားသောသူတို့တွင် အထွဋ်အခေါင်ဖြစ်တော်မူ၏။
Ghazi Mohammad Hashim
၎င်းပြင် အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်၏ သာသနာ့လမ်းစဉ်၌(မိမိတို့အိုးအိမ်စည်းစိမ် ခပ်သိမ်းတို့ ကိုစွန့်၍) ရွှေ့ပြောင်းခဲ့ကြရ၏။ ထို့နောက် ထိုသူတို့သည် သတ်ဖြတ်ခြင်းကို ခံခဲ့ကြရသည်ဖြစ်စေ၊ သေဆုံးခဲ့ကြသည်ဖြစ်စေ၊ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား အလွန်ကောင်းမြတ်သော စားနပ်ရိက္ခာမျိုးကို ချီးမြှင့်ပေးသနားတော်မူပေမည်။စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည်ပင်လျှင် အကောင်းဆုံး(အပေါများဆုံး)စားနပ်ရိက္ခာ ချီးမြှင့်ပေးသနားတော်မူသောအရှင် ဖြစ်တော်မူပေသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek