×

ဧကန်မလွဲ၊ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား သူတို့နှစ်သက်ကြသော (ဝင်ချင်စဖွယ်) နေရာဌာနသို့ ဝင်ရောက်ခွင့်ပေးတော်မူမည်။ အမှန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အ မှန်ပင် 22:59 Burmese translation

Quran infoBurmeseSurah Al-hajj ⮕ (22:59) ayat 59 in Burmese

22:59 Surah Al-hajj ayat 59 in Burmese (البورمية)

Quran with Burmese translation - Surah Al-hajj ayat 59 - الحج - Page - Juz 17

﴿لَيُدۡخِلَنَّهُم مُّدۡخَلٗا يَرۡضَوۡنَهُۥۚ وَإِنَّ ٱللَّهَ لَعَلِيمٌ حَلِيمٞ ﴾
[الحج: 59]

ဧကန်မလွဲ၊ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား သူတို့နှစ်သက်ကြသော (ဝင်ချင်စဖွယ်) နေရာဌာနသို့ ဝင်ရောက်ခွင့်ပေးတော်မူမည်။ အမှန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အ မှန်ပင် အကြွင်းမဲ့ သိနေတော်မူသော အလွန်တရာ သည်းခံတော်မူ၍ သက်ညှာတော်မူသောအရှင် ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: ليدخلنهم مدخلا يرضونه وإن الله لعليم حليم, باللغة البورمية

﴿ليدخلنهم مدخلا يرضونه وإن الله لعليم حليم﴾ [الحج: 59]

Ba Sein
၅၉။ အမှန်မှာ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား မိမိတို့နှစ်သက်မြတ်နိုးသောဝင်ခြင်းဖြင့် ဝင်စေတော်မူလိမ့်မည်၊ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ်သည် မုချသိတော်မူ၏၊ ဧကန်အလိုလိုက်တော်မူ၏။
Ghazi Mohammad Hashim
ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့နှစ်သက်ကြအံ့သော နေရာဌာနကို ဝင်ရောက်စေတော်မူမည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသော အလုံးစုံကိုသိမြင်တော်မူသောအရှင်၊ အလွန်တရာ သည်းခံတော်မူသောအရှင် အမှန်ပင်ဖြစ်တော်မူ၏။
Hashim Tin Myint
အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် သူတို့နှစ်သက်သည့်‌နေရာများကို အမှန်ပင် ဝင်‌ရောက်‌စေ‌တော်မူမည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အမှန်စင်စစ် အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်၊ အလွန်‌ထောက်ထားညှာတာ သည်းခံဆိုင်းငံ့‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek