Quran with Burmese translation - Surah Al-hajj ayat 60 - الحج - Page - Juz 17
﴿۞ ذَٰلِكَۖ وَمَنۡ عَاقَبَ بِمِثۡلِ مَا عُوقِبَ بِهِۦ ثُمَّ بُغِيَ عَلَيۡهِ لَيَنصُرَنَّهُ ٱللَّهُۚ إِنَّ ٱللَّهَ لَعَفُوٌّ غَفُورٞ ﴾
[الحج: 60]
﴿ذلك ومن عاقب بمثل ما عوقب به ثم بغي عليه لينصرنه الله﴾ [الحج: 60]
Ba Sein ၆ဝ။ ယင်းသို့အမှန်ဖြစ်၏၊ ထို့အပြင်အကြင်သူသည် မိမိနစ်နာဆုံးရှုံးရသလောက် လက်စားချေလို၏၊ ထို့နောက် သူသည် တဖန်မတရားညှင်းဆဲခြင်းကို ခံရအ့ံ၊ အလ္လာဟ်အရှင်မြတ်သည် ထိုသူအား စောင်မတော်မူအ့ံ၊ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ်သည် နူးည့ံသိမ်မွေ့တော်မူ၏၊ အပြစ်လွှတ်တော်မူ၏။ |
Ghazi Mohammad Hashim ဤသည်ပင်(အသင့်အား ငါအရှင် ပြောကြားတော်မူသော အရေးကိစ္စများဖြစ်၏)။ ၎င်းပြင် အကြင်သူသည် မိမိဒုက္ခပေးခြင်းကို ခံခဲ့ရသည်နှင့် အညီအမျှ ပြန်လှန်ဒုက္ခပေးခဲ့လေသည်။ ထို့နောက်တစ်ဖန် ထိုသူသည် ကျူးလွန်စော်ကားခြင်းကို ခံခဲ့ရပြန်သည်ရှိသော် မချွတ်ဧကန် အလ္လာဟ်အရှင်မြတ်သည် ထိုသူအား ကူညီတော်မူမည်ဖြစ်၏။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်တော်မူသောအရှင်၊အလွန်တရာ အပြစ်မှလွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင် အမှန်ပင် ဖြစ်တော်မူပေသတည်း။ |
Hashim Tin Myint ဤသည် (ငါအရှင်မြတ် အမိန့်ရှိတော်မူသော အရာများပင်ဖြစ်သည်)။ ထို့ပြင် အကြင်သူသည် သူဒုက္ခပေးခြင်း ခံခဲ့ရသည်နှင့်အမျှ ပြန်လှန်ဒုက္ခပေး(၍ လက်စားချေ)ခဲ့သည်။ ထို့နောက် ထပ်မံ၍ ကျူးကျော်စော်ကား ဒုက္ခပေးခံရပြန်သည်ဆိုလျှင် အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အား ူကူညီတော်မူမည်ဖြစ်သည်။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်ခွင့်လွှတ်တော်မူသောအရှင်၊ အလွန်လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင် ဖြစ်တော်မူသည်။ |