Quran with Burmese translation - Surah Al-hajj ayat 62 - الحج - Page - Juz 17
﴿ذَٰلِكَ بِأَنَّ ٱللَّهَ هُوَ ٱلۡحَقُّ وَأَنَّ مَا يَدۡعُونَ مِن دُونِهِۦ هُوَ ٱلۡبَٰطِلُ وَأَنَّ ٱللَّهَ هُوَ ٱلۡعَلِيُّ ٱلۡكَبِيرُ ﴾
[الحج: 62]
﴿ذلك بأن الله هو الحق وأن ما يدعون من دونه هو الباطل﴾ [الحج: 62]
Ba Sein ၆၂။ ထို့အပြင်အလ္လာဟ်အရှင်မြတ်သည် အစစ်အမှန်ဖြစ်တော်မူသောကြောင့်တည်း၊ အရှင်မြတ်မှတပါး မိစ္ဆာမိုက်တို့ ကိုးကွယ်သောဘုရားများသည် အစစ်အမှန်မဟုတ်သောကြောင့်တည်း၊ အလ္လာဟ်အရှင်မြတ်သည် အတိုင်းထက် အလွန်ကြီးကျယ်မြင့်မြတ်တော်မူသောအရှင်ဖြစ်သောကြောင့်တည်း။ |
Ghazi Mohammad Hashim ဤ(သို့ကူညီတော်မူခြင်းကား) အလ္လာဟ်အရှင်မြတ်သည်သာလျှင် မှန်ကန်သော အရှင်ဖြစ်တော်မူ၍ ထိုသူတို့ ဟစ်ခေါ်(တသကိုးကွယ်)ကြသော အရာများမှာမူကား (လုံးဝ)မှားသောကြောင့်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်သည်သာလျှင် အလွန်မြင့်မြတ်တော်မူသောအရှင်၊ အလွန်ကြီးကဲတော်မူသောအရှင်၊ ဖြစ်တော်မူသောကြောင့်လည်းကောင်း၊ ဖြစ်ချေသတည်း။ |
Hashim Tin Myint ဤ(ကဲ့သို့ ကူညီတော်မူခြင်းမှာမူ) အလ္လာဟ်အရှင်မြတ်သည်ပင် မှန်ကန်သည့်အရှင် ဖြစ်တော်မူပြီး သူတို့ဟစ်ခေါ်ကြသည့်အရာများသည် မုချ မှားသည့်အတွက်ကြောင့်နှင့် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်ပင် အလွန်မြင့်မားတော်မူသောအရှင်၊ အလွန်ကြီးကျယ်ထူးကဲမြင့်မြတ်တော်မူသောအရှင် ဖြစ်တော်မူသည့်အတွက်ကြောင့်ဖြစ်သည်။ |