Quran with Burmese translation - Surah Al-hajj ayat 61 - الحج - Page - Juz 17
﴿ذَٰلِكَ بِأَنَّ ٱللَّهَ يُولِجُ ٱلَّيۡلَ فِي ٱلنَّهَارِ وَيُولِجُ ٱلنَّهَارَ فِي ٱلَّيۡلِ وَأَنَّ ٱللَّهَ سَمِيعُۢ بَصِيرٞ ﴾
[الحج: 61]
﴿ذلك بأن الله يولج الليل في النهار ويولج النهار في الليل وأن﴾ [الحج: 61]
Ba Sein ၆၁။ ယင်းကဲ့သို့စောင်မတော်မူခြင်းကား အလ္လာဟ်အရှင်မြတ်သည် ညဉ့်အချိန်ကာလကို နေ့အတွင်းသို့၊ နေ့အချိန် ကာလကို ညဉ့်အတွင်းသို့ သွတ်သွင်းတော်မူသောကြောင့်တည်း၊ အလ္လာဟ်အရှင်မြတ်သည် ကြားတော်မူသော အရှင်၊ မြင်တော်မူသောအရှင်ဖြစ်တော်မူသောကြောင့်တည်း။ |
Ghazi Mohammad Hashim ဤ(သို့ကူညီတော်မူခြင်းကား) အလ္လာဟ်အရှင်မြတ်သည် ညဉ့်(၏အစိတ်အပိုင်း)ကို နေ့၏အတွင်း၌ ဝင်စေတော်မူ၍ နေ့(၏အစိတ်အပိုင်း)ကို ည၏အတွင်း၌ ဝင်စေတော်မူသောကြောင့်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်သည်(မုအ်မင်န်သက်၀င်ယုံကြည်သူတို့၏ ဆုတောင်းပတ္တနာကို) အလွန်ကြားတော်မူသောအရှင်၊ (ထိုသူတို့၏အခြေအနေကိုလည်း) အလွန်မြင်ကြောင့်လည်းကောင်း၊ ဖြစ်ပေသည်။ |
Hashim Tin Myint ဤ(ကဲ့သို့ ကူညီတော်မူခြင်းမှာမူ) အမှန်မှာ အလ္လာဟ်အရှင်မြတ်သည် ညကို နေ့ထဲတွင် ဝင်စေတော်မူ၍ နေ့ကို ညထဲတွင် ဝင်စေတော်မူသည့်အတွက်၊ ထို့ပြင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အကြွင်းမဲ့မြင်တော်မူသောအရှင် ဖြစ်တော်မူသည့်အတွက်ကြောင့်ပင် ဖြစ်သည်။ |