×

အို၊ သက်ဝင်ယုံကြည်သူ အပေါင်းတို့၊ အသင်တို့သည် ပေါက်မြောက်အောင်မြင်ကြအလို့ငှာ (တစ်ဆူ တည်းသောအရှင်မြတ်အား ယုံကြည်ကိုးကွယ်၍ ဆွလာသ်ဝတ်ပြုမှုကို ဆောက်တည်ခြင်းဖြင့်) ဦးညွှတ် ကြလော့။ 22:77 Burmese translation

Quran infoBurmeseSurah Al-hajj ⮕ (22:77) ayat 77 in Burmese

22:77 Surah Al-hajj ayat 77 in Burmese (البورمية)

Quran with Burmese translation - Surah Al-hajj ayat 77 - الحج - Page - Juz 17

﴿يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ ٱرۡكَعُواْ وَٱسۡجُدُواْۤ وَٱعۡبُدُواْ رَبَّكُمۡ وَٱفۡعَلُواْ ٱلۡخَيۡرَ لَعَلَّكُمۡ تُفۡلِحُونَ۩ ﴾
[الحج: 77]

အို၊ သက်ဝင်ယုံကြည်သူ အပေါင်းတို့၊ အသင်တို့သည် ပေါက်မြောက်အောင်မြင်ကြအလို့ငှာ (တစ်ဆူ တည်းသောအရှင်မြတ်အား ယုံကြည်ကိုးကွယ်၍ ဆွလာသ်ဝတ်ပြုမှုကို ဆောက်တည်ခြင်းဖြင့်) ဦးညွှတ် ကြလော့။ ပျပ်ဝပ်ဦးချကြလော့။ ထို့ပြင် အသင်တို့သည် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေ တော်မူသောအရှင်မြတ်အား (အမိန့်တော်များနှင့်အညီဘဝ ဆောက်တည်၍) နာခံကိုးကွယ်ကြလော့။ ထို့ပြင် (ဘာသာရေးဆိုင်ရာ အမိန့်ပညတ်များ) ကောင်းမြတ်သော အမှုကိစ္စများကိုလည်း ပြုလုပ်ကျင့်ကြံကြလော့။

❮ Previous Next ❯

ترجمة: ياأيها الذين آمنوا اركعوا واسجدوا واعبدوا ربكم وافعلوا الخير لعلكم تفلحون, باللغة البورمية

﴿ياأيها الذين آمنوا اركعوا واسجدوا واعبدوا ربكم وافعلوا الخير لعلكم تفلحون﴾ [الحج: 77]

Ba Sein
၇၇။ အို--ယုံကြည်သူအပေါင်းတို့၊ သင်တို့သည် မိမိတို့၏အသက်သခင်ကျေးဇူးရှင်အာ ဦးညွတ်ချပျဝပ်ရှိခိုးကြလော့၊ သုစရိုက်ကောင်းမှုကို ပွားများကြလော့၊ သို့မှသာလျှင်သင်တို့သည် ကြီးပွားကောင်းကြီးပွားကြလိမ့်မည်။
Ghazi Mohammad Hashim
အို-"မုအ်မင်န်" သက်ဝင်ယုံကြည်သူ အပေါင်းတို့၊ အသင်တို့သည် မိမိတို့ အောင်မြင်ကြအံ့သောငှာ "ရုကုအ်"ဦးညွှတ်(၍နေ)ကြလေကုန်။ ထို့ပြင် အသင် တို့သည် "စဂျ်ဒဟ်"ပျပ်ဝပ်ဦးချ(၍နေ)ကြလေကုန်။ ၎င်းပြင် အသင်တို့သည်မိမိတို့ကို ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်အား ခဝပ်ကိုးကွယ်(၍နေ)ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် ကောင်းမြတ်သော အမှုကိစ္စများကိုလည်း ပြုလုပ်(၍နေ)ကြလေကုန်။
Hashim Tin Myint
အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် အသင်တို့ ‌အောင်မြင်ကြရန်အတွက် ရုကူအ်ဦးညွှတ်ကြပါ။ ထို့ပြင် စဂျ်ဒဟ်ဦးချကြပါ။ ထို့ပြင် အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ကို ကိုးကွယ်ကြပါ။ ထို့ပြင် အသင်တို့သည် ‌ကောင်းမြတ်‌သော လုပ်ရပ်များကိုလည်း ပြုလုပ်ကြပါ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek