Quran with Burmese translation - Surah Al-hajj ayat 76 - الحج - Page - Juz 17
﴿يَعۡلَمُ مَا بَيۡنَ أَيۡدِيهِمۡ وَمَا خَلۡفَهُمۡۚ وَإِلَى ٱللَّهِ تُرۡجَعُ ٱلۡأُمُورُ ﴾
[الحج: 76]
﴿يعلم ما بين أيديهم وما خلفهم وإلى الله ترجع الأمور﴾ [الحج: 76]
Ba Sein ၇၆။ အရှင်မြတ်သည် လူသားတို့၏အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကာလသုံးပါးကို သိတော်မူ၏၊ အလ္လာဟ်အရှင်မြတ် အထံတော်သို့ ခပ်သိမ်းကုန်သောအရာတို့ကို ပြန်ပို့မည်သာတည်း။ |
Ghazi Mohammad Hashim ထိုအရှင်မြတ်သည် ၎င်းတို့၏ ရှေ့နောက် အဖြစ်အပျက် အလုံးစုံတို့ကို(အကြွင်းမဲ့)သိရှိတော်မူပေသည်။ စင်စစ်သော်ကား အရေးကိစ္စအဝဝတို့မှာ အလ္လာဟ်အရှင်မြတ် အထံတော်သို့ပင် ပြန်လည်ရောက်ရှိကြမည် သာတည်း။ |
Hashim Tin Myint အရှင်မြတ်သည် သူတို့၏ရှေ့နောက် အဖြစ်အပျက်အားလုံးကို သိတော်မူသည်။ ထို့ပြင် အရေးကိစ္စဟူသမျှသည် အလ္လာဟ်အရှင်မြတ်ထံတော်သို့ပင် ပြန်ရောက်ကြမည်ဖြစ်သည်။ |