×

တစ်ဖန် လူသားတို့အနက် အသိပညာ လုံးဝ မရှိရုံသာမက မည်သည့်လမ်းညွှန်မှန်မျှ မရှိသည့်အပြင် မည်သည့် ဉာဏ်အလင်းရစေသော ရှင်းလင်းထင်ရှားသည့် ကျမ်းတော်မျှလည်း မရှိဘဲ 22:8 Burmese translation

Quran infoBurmeseSurah Al-hajj ⮕ (22:8) ayat 8 in Burmese

22:8 Surah Al-hajj ayat 8 in Burmese (البورمية)

Quran with Burmese translation - Surah Al-hajj ayat 8 - الحج - Page - Juz 17

﴿وَمِنَ ٱلنَّاسِ مَن يُجَٰدِلُ فِي ٱللَّهِ بِغَيۡرِ عِلۡمٖ وَلَا هُدٗى وَلَا كِتَٰبٖ مُّنِيرٖ ﴾
[الحج: 8]

တစ်ဖန် လူသားတို့အနက် အသိပညာ လုံးဝ မရှိရုံသာမက မည်သည့်လမ်းညွှန်မှန်မျှ မရှိသည့်အပြင် မည်သည့် ဉာဏ်အလင်းရစေသော ရှင်းလင်းထင်ရှားသည့် ကျမ်းတော်မျှလည်း မရှိဘဲ အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ အငြင်းအခုံ ပြုတတ်သူများလည်း ရှိကြသည်။

❮ Previous Next ❯

ترجمة: ومن الناس من يجادل في الله بغير علم ولا هدى ولا كتاب, باللغة البورمية

﴿ومن الناس من يجادل في الله بغير علم ولا هدى ولا كتاب﴾ [الحج: 8]

Ba Sein
၈။ လူသားတို့အနက် သူတစ်ဦးတစ်ယောက်ရှိ၏၊ ထိုသူသည် အသိတရားသော်လည်းကောင်း၊ လမ်းညွှန်ပြခြင်း သော်လည်လည်းကောင်း မခံစားရ၊ အလင်းပြကျမ်းတော်သော်လည်းကောင်း၊ မရှိပဲလျက် အလ္လာဟ်အရှင်မြတ် နှင့်စပ်လျဉ်း၍ အငြင်းအခုံပြု၏။
Ghazi Mohammad Hashim
စင်စစ် လူတို့တွင် အသိပညာ လုံးဝမရှိဘဲလျက်လည်းကောင်း၊ မည်သည့်သက်သေထင်ရှား တင်ပြချက်မျှမရှိဘဲလျက်လည်းကောင်း၊ မည်သည့်ရှင်းလင်းစေသော ကျမ်းဂန်မျှမရှိဘဲလျက်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ အငြင်းအခုံ ပြုတတ်သူလည်း ရှိပေသည်။
Hashim Tin Myint
ထို့ပြင် လူသားများထဲတွင် အသိပညာလည်းမရှိသည်သာမက လမ်းညွှန်လည်းမရှိသည့်အပြင် လင်းဝင်းသည့်ကျမ်းဂန်လည်း မရှိဘဲလျက် အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ အငြင်းအခုံပြုတတ်သည့်သူလည်းရှိသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek