Quran with Burmese translation - Surah Al-hajj ayat 9 - الحج - Page - Juz 17
﴿ثَانِيَ عِطۡفِهِۦ لِيُضِلَّ عَن سَبِيلِ ٱللَّهِۖ لَهُۥ فِي ٱلدُّنۡيَا خِزۡيٞۖ وَنُذِيقُهُۥ يَوۡمَ ٱلۡقِيَٰمَةِ عَذَابَ ٱلۡحَرِيقِ ﴾
[الحج: 9]
﴿ثاني عطفه ليضل عن سبيل الله له في الدنيا خزي ونذيقه يوم﴾ [الحج: 9]
Ba Sein ၉။ သူသည် သူတပါးကို လှည့်စားစိမ့်သောငှာ အလ္လာဟ်အရှင်မြတ်၏ လမ်းတော်မှ ကြီးမားသောမာန်မာနနှင့် လှည့်သွား၏၊ ထိုသူအတွက် ဤလောကမျက်မှောက်ဘဝ၌ အရှက်တကွဲအသရေပျက်ခြင်းသာရှိ၏၊ ရှင်ပြန် ထမြောက်ရသောနေ့တော်ကြီး၌ ငါသည် သူ့အား လောင်ကျွမ်းခြင်းအပြစ်ဒဏ်တော်ကို မြည်းစမ်းစေတော်မူသည်၊ |
Ghazi Mohammad Hashim (မာန်မာနထောင်လွှားကာ)မိမိလည်ပင်းကိုလိမ်လျက်(သူတစ်ပါးတို့အားလည်း) အလ္လာဟ်အရှင် မြတ်၏လမ်းတော်မှလွဲမှားစေခြင်းငှာ ထိုသူ၌ (ဤ) ပစ္စုပ္ပန်လောကတွင်လည်း ကျိုးယုတ်ရှက်ရဖြစ်ခြင်းသည်ရှိ၏။ ကိယာမတ် ရှင်ပြန်ထမည့်နေ့တွင်လည်း ငါအရှင်မြတ်သည် ထိုသူအား (ကျွမ်းလောင်စေသောငရဲ)မီး၏ ပြစ်ဒဏ်ကို မြည်းစမ်းစေတော်မူမည်ဖြစ်ပေသည်။ |
Hashim Tin Myint (မာနထောင်ပြီး)မိမိလည်ပင်းကို မိမိလိမ်ပြီး(သူများကိုလည်း) အလ္လာဟ်အရှင်မြတ်၏လမ်းမှ လွဲမှားစေရန်ပြုလုပ်သူသည် ဤဘဝတွင်လည်း အကျိုးယုတ်အရှက်ရစေမည်ဖြစ်သည်။ ထို့ပြင် ကိယာမသ်နေ့တွင်လည်း ငါအရှင်မြတ်သည် ထိုသူ့အား တောက်လောင်နေသော (ငရဲ)မီး၏ပြစ်ဒဏ်ကို မြည်းစမ်းစေတော်မူမည်ဖြစ်သည်။ |