Quran with Burmese translation - Surah Al-Mu’minun ayat 109 - المؤمنُون - Page - Juz 18
﴿إِنَّهُۥ كَانَ فَرِيقٞ مِّنۡ عِبَادِي يَقُولُونَ رَبَّنَآ ءَامَنَّا فَٱغۡفِرۡ لَنَا وَٱرۡحَمۡنَا وَأَنتَ خَيۡرُ ٱلرَّٰحِمِينَ ﴾
[المؤمنُون: 109]
﴿إنه كان فريق من عبادي يقولون ربنا آمنا فاغفر لنا وارحمنا وأنت﴾ [المؤمنُون: 109]
Ba Sein ၁ဝ၉။ မှတ်သားကြလော့၊ ငါအရှင်မြတ်၏ ကျေးကျွန်များအနက် အသင်းတစ်သင်းရှိ၏၊ သူတို့က ဤသို့လျှောက်ထား ကြ၏၊ အို--အကျွနု်ပ်တို့၏အသက်သခင်ကျေးဇူးရှင်၊ အကျွနု်ပ်တို့သည် ယုံကြည်ကြပါ၏၊ ထို့ကြောင့်အကျွနု်ပ် တို့အား အပြစ်လွှတ်တော်မူပါ၊ ကောင်းကြီးမင်္ဂလာပေးသနားတော်မူပါ၊ အကြောင်းမူကားအရှင်သည် ကောင်းကြီး မင်္ဂလာပေးသူတကာတို့တွင် အထွဋ်အခေါင်ဖြစ်တော်မူပါ၏။ |
Ghazi Mohammad Hashim ဧကန်စင်စစ် ငါအရှင်မြတ်၏ ကျွန်တို့အနက် လူတစ်စုသည် ရှိခဲ့ကြကုန်၏။ ၎င်းတို့သည်(ငါအရှင်မြတ်အထံတော်တွင် ဤသို့) လျှောက်ထား ပန်ကြားလျက် ရှိခဲ့ကြကုန်၏။ အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ကျွန်တော်မျိုးတို့သည် သက်ဝင်ယုံကြည်ကြပါသည်။ ထို့အတွက် အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား လွတ်ငြိမ်း ချမ်းသာခွင့် ပေးတော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား သနားတော်မူပါ။ စင်စစ်သော်ကား အရှင်မြတ်သည် သနားကြင်နာသူအပေါင်းတို့ထက် သာလွန် သနားကြင်နာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပါသည်။ |
Hashim Tin Myint အမှန်စင်စစ် ငါအရှင်မြတ်၏ကျွန်များထဲတွင် လူတစ်စုရှိခဲ့သည်။ သူတို့သည် (ဤသို့)ပြောဆို လျှောက်ထားနေခဲ့ကြသည်။ အို- ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ကျွန်ုပ်တို့သည် အီမာန်ယုံကြည်ကြပါသည်။ သို့ဖြစ်ရာ အရှင်မြတ်သည် ကျွန်ုပ်တို့ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်တို့အား သနားကြင်နာတော်မူပါ။ ထို့ပြင် အရှင်မြတ်သည် သနားကြင်နာသူအားလုံးထက် သာပို(အကောင်းဆုံး) သနားကြင်နာတော်မူသောအရှင် ဖြစ်တော်မူပါသည်။ |