Quran with Burmese translation - Surah Al-Mu’minun ayat 23 - المؤمنُون - Page - Juz 18
﴿وَلَقَدۡ أَرۡسَلۡنَا نُوحًا إِلَىٰ قَوۡمِهِۦ فَقَالَ يَٰقَوۡمِ ٱعۡبُدُواْ ٱللَّهَ مَا لَكُم مِّنۡ إِلَٰهٍ غَيۡرُهُۥٓۚ أَفَلَا تَتَّقُونَ ﴾
[المؤمنُون: 23]
﴿ولقد أرسلنا نوحا إلى قومه فقال ياقوم اعبدوا الله ما لكم من﴾ [المؤمنُون: 23]
Ba Sein ၂၃။ ငါသည် တမန်တော်နူဟိုအား သူ၏အသင်းသားများထံသို့ စေလွှတ်တော်မူ၏၊ သူသည် မိမိအမျိုးသားတို့အား ဟောကြားသည်မှာ ဟယ်-အချင်းတို့၊ အလ္လာဟ်အရှင်မြတ်အား ခဝပ်ကိုးကွယ်ကြလော့၊ သင်တို့တွင် အရှင်မြတ် မှတပါး အခြားအရှင်သခင်မရှိချေ၊ သင်တို့သည် ဒုစရိုက်မကောင်းမှုကို ရှောင်ကြဉ်ကြမည်မဟုတ်လော။ |
Ghazi Mohammad Hashim ၎င်းပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် (နဗီ တမန်တော်)နူဟ်အား ၎င်း၏အမျိုးသားတို့ထံ စေလွှတ်တော်မူခဲ့၏။ ထိုအခါ ထိုနူဟ်က အို-ငါ၏ အမျိုးသားတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား သာလျှင် ခဝပ်ကိုးကွယ်ကြလေကုန်။ ထိုအရှင်မြတ်မှတပါး အသင်တို့၌ ကိုးကွယ်ရာ အရှင်ဟူ၍ အလျှင်းမရှိပြီ။ သို့ပါလျက် အသင်တို့သည် (အခြားအရာများကို) ထိုအရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ခြင်းမှ မကြောက် ရွံ့ကြလေသလော။ |
Hashim Tin Myint ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် (တမန်တော်)နူးဟ်ကို ၎င်း၏အမျိုးသားများထံသို့ စေလွှတ်တော်မူခဲ့သည်။ ၎င်းကပြောသည်- အို- ငါ၏အမျိုးသားတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုသာ ကိုးကွယ်ကြပါ။ အသင်တို့အတွက် အရှင်မြတ်မှလွဲ၍ ကိုးကွယ်ထိုက်သည့် အရှင်မရှိပေ။ ထို့ပြင် အသင်တို့သည် အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်ခြင်းမှ မကြောက်ရွံ့ကြသလော။ |