Quran with Burmese translation - Surah Al-Mu’minun ayat 32 - المؤمنُون - Page - Juz 18
﴿فَأَرۡسَلۡنَا فِيهِمۡ رَسُولٗا مِّنۡهُمۡ أَنِ ٱعۡبُدُواْ ٱللَّهَ مَا لَكُم مِّنۡ إِلَٰهٍ غَيۡرُهُۥٓۚ أَفَلَا تَتَّقُونَ ﴾
[المؤمنُون: 32]
﴿فأرسلنا فيهم رسولا منهم أن اعبدوا الله ما لكم من إله غيره﴾ [المؤمنُون: 32]
Ba Sein ၃၂။ ထို့အပြင်ထိုသူတို့ထံသို့ မိမိတို့အထဲမှ တမန်တော်တစ်ပါးကို စေလွှတ်တော်မူ၏၊ သူဟောကြားသည်မှာ အလ္လာဟ် အရှင်မြတ်အား ခဝပ်ကိုးကွယ်ကြလော့၊ သင်တို့သည် အရှင်မြတ်မှတပါး အခြားအရှင်သခင်မရှိချေ၊ သင်တို့သည် ဒုစရိုက်အပြစ်များကို ကာဆီးကြမည်မဟုတ်လော။ |
Ghazi Mohammad Hashim တစ်ဖန် ငါအရှင်မြတ်သည် ထိုမျိုးနွယ်တို့တွင် ၎င်းတို့အနက်မှပင် ရစူလ်တမန်တော်တစ်ပါးကို စေလွှတ်တော်မူ(၍ ဤသို့မိန့်မှာတော်)မူခဲ့၏။ အသင်တို့သည် အလ္လာဟ်အရှင်မြတ် အားသာလျှင် ခဝပ်ကိုးကွယ်ကြလေကုန်။ ထိုအရှင်မြတ်မှတစ်ပါး အသင်တို့အဖို့ ခဝပ်ကိုးကွယ်ရာအရှင်ဟူ၍ အလျှင်းမရှိပြီ၊ သို့ပါလျက် အသင်တို့သည် မကြောက်ရွံ့ ကြလေသလော။ |
Hashim Tin Myint ထို့နောက် ငါအရှင်မြတ်သည် ထိုမျိုးနွယ်တွင် သူတို့ထဲမှပင် တမန်တော်တစ်ပါးကို စေလွှတ်တော်မူခဲ့၍ (ဤသို့ ပြောခိုင်းခဲ့သည်) အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုသာ ကိုးကွယ်ကြပါ။ အရှင်မြတ်မှလွဲ၍ အသင်တို့အတွက် ကိုးကွယ်ထိုက်သည့် အရှင်မရှိပေ။ သို့ဖြစ်ပါလျက် အသင်တို့သည် မကြောက်ရွံ့ကြလေသလော။ |