×

ထို့ပြင် ထိုရစူလ်တမန်တော်၏လူမျိုးတို့အနက်မှ ငါအရှင်မြတ်က သူတို့အား ဤလောကီဘဝတွင် စည်း စိမ်ချမ်းသာကို ချီးမြှင့်ပေးသနားတော်မူသော်လည်း အမှန်တရားကို မယုံမကြည်၊ သွေဖည်ငြင်းပယ်ကြသည့်အပြင် တမလွန်ဘဝနှင့်တွေ့ကြုံရင်ဆိုင်ရမည်ကိုလည်း 23:33 Burmese translation

Quran infoBurmeseSurah Al-Mu’minun ⮕ (23:33) ayat 33 in Burmese

23:33 Surah Al-Mu’minun ayat 33 in Burmese (البورمية)

Quran with Burmese translation - Surah Al-Mu’minun ayat 33 - المؤمنُون - Page - Juz 18

﴿وَقَالَ ٱلۡمَلَأُ مِن قَوۡمِهِ ٱلَّذِينَ كَفَرُواْ وَكَذَّبُواْ بِلِقَآءِ ٱلۡأٓخِرَةِ وَأَتۡرَفۡنَٰهُمۡ فِي ٱلۡحَيَوٰةِ ٱلدُّنۡيَا مَا هَٰذَآ إِلَّا بَشَرٞ مِّثۡلُكُمۡ يَأۡكُلُ مِمَّا تَأۡكُلُونَ مِنۡهُ وَيَشۡرَبُ مِمَّا تَشۡرَبُونَ ﴾
[المؤمنُون: 33]

ထို့ပြင် ထိုရစူလ်တမန်တော်၏လူမျိုးတို့အနက်မှ ငါအရှင်မြတ်က သူတို့အား ဤလောကီဘဝတွင် စည်း စိမ်ချမ်းသာကို ချီးမြှင့်ပေးသနားတော်မူသော်လည်း အမှန်တရားကို မယုံမကြည်၊ သွေဖည်ငြင်းပယ်ကြသည့်အပြင် တမလွန်ဘဝနှင့်တွေ့ကြုံရင်ဆိုင်ရမည်ကိုလည်း မဟုတ်မတရား မမှန်မကန်စွပ်စွဲ၍ ငြင်းဆိုခဲ့ကြသော အကြံပေးအကြီးအကဲတို့က (အဆိုပါ ရစူလ်တမန်တော်နှင့်ပတ်သက်၍) “ဤပုဂ္ဂိုလ်သည် သင်တို့ကဲ့သို့ပင် (သေမျိုးဖြစ်သော) လူသားတစ်ဦးသာလျှင် ဖြစ်၍ သူသည် အသင်တို့ စားသုံးကြသောအရာများကို စားသုံးသည်သာမက အသင်တို့ သောက်ကြသောအရာများကိုပင် သောက်သုံးသည်။” ဟု ပြောဆိုခဲ့ကြ၏။

❮ Previous Next ❯

ترجمة: وقال الملأ من قومه الذين كفروا وكذبوا بلقاء الآخرة وأترفناهم في الحياة, باللغة البورمية

﴿وقال الملأ من قومه الذين كفروا وكذبوا بلقاء الآخرة وأترفناهم في الحياة﴾ [المؤمنُون: 33]

Ba Sein
၃၃။ သူ၏ လူများအနက် အကြီးအမှုးတို့သည် မယုံကြည်၊ နောင်တမလွန်ဘဝ၏ အစည်းအဝေးပွဲကိုလည်း ငြင်းဆန် ကြ၏၊ ထိုလူများအား ငါသည် လောကီစည်းစိမ်ကို ပေးသနားတော်မူ၏၊ သူတို့က ဤသူသည် သင်တို့ကဲ့သို့ သေမျိုးသာဖြစ်၏၊ သူသည် သင်တို့စားသောက်သောအစာကို စား၏၊ သင်တို့သောက်သောသောက်စရာကို သောက်၏။
Ghazi Mohammad Hashim
၎င်းပြင် ထိုရစူလ်တမန်တော်၏ အမျိုးသားတို့အနက် အကြင်အကြီးအကဲတို့သည် မယုံမကြည် သွေဖည်ငြင်းပယ်ခဲ့ကြ၏။ ၎င်းပြင် တမလွန်ဘဝနှင့် တွေ့ကြုံ ရင်ဆိုင်ရမည်ကိုလည်း မဟုတ်မမှန်ဟူ၍ ငြင်းဆိုခဲ့ကြသေး၏။ ၎င်းပြင် ငါအရှင်မြတ်သည် ထိုသူတို့အား (ဤမျက်မှောက်) လောကီ ဘဝတွင် စည်းစိမ်ချမ်းသာကိုလည်း ပေးတော်မူခဲ့၏။ ၎င်းတို့က (မိမိတို့အမျိုးသားတို့အား-အချင်းတို့၊) ဤသူသည် အသင်တို့ကဲ့သို့ပင် လူသားတစ်ဦးမျှဖြစ်၏။ ၎င်းသည် အသင်တို့ စားသုံးကြ ကုန်သောအရာများကို စားသုံးလေသည်။ ၎င်းပြင် အသင်တို့ သောက်ကြကုန်သော အရာများကိုပင် သောက်သုံးလေသည်ဟု ပြောဆိုခဲ့ကြကုန်၏။
Hashim Tin Myint
ထို့ပြင် ထိုတမန်‌တော်၏အမျိုးသားများထဲမှ အကြင်အကြီးအကဲများသည် ငြင်းပယ်ခဲ့ကြသည်။ ထို့ပြင် တမလွန်ဘဝနှင့် ‌တွေ့ကြုံရမည်ကိုလည်း မဟုတ်မမှန်ဟု ငြင်းဆိုခဲ့ကြသည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား ဤဘဝတွင် စည်းစိမ်ချမ်းသာမှု ‌ပေး‌တော်မူခဲ့သည်။ ထိုသူများက (သူတို့အချင်းချင်း)‌ပြောဆိုခဲ့ကြသည်- ဤသူသည် အသင်တို့ကဲ့သို့ လူသားတစ်ဦးပင်ဖြစ်သည်။ ၎င်းသည် အသင်တို့ စားသည့်အရာများပင် စားသည်။ ထို့ပြင် အသင်တို့ ‌သောက်သည့်အရာများကိုပင် ‌သောက်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek