Quran with Burmese translation - Surah Al-Mu’minun ayat 53 - المؤمنُون - Page - Juz 18
﴿فَتَقَطَّعُوٓاْ أَمۡرَهُم بَيۡنَهُمۡ زُبُرٗاۖ كُلُّ حِزۡبِۭ بِمَا لَدَيۡهِمۡ فَرِحُونَ ﴾
[المؤمنُون: 53]
﴿فتقطعوا أمرهم بينهم زبرا كل حزب بما لديهم فرحون﴾ [المؤمنُون: 53]
Ba Sein ၅၃။ သို့သော်လူသားတို့သည် သူတို့ဘာသာအယူဝါဒကြီးကို အကွဲကွဲအပြားပြားပြုလုပ်ကြပြီး ဂိုဏ်းကွဲကြ၏၊ ဂိုဏ်း တစ်ဂိုဏ်းစီသည် ၎င်း၏အယူဝါဒ၌ ပျော်ရွှင်ကြ၏။ |
Ghazi Mohammad Hashim သို့ရာတွင် ထိုနောက်လိုက်များသည် မိမိတို့ အချင်းချင်းတွင် မိမိတို့၏သာသနာကို အပိုင်းပိုင်း ပိုင်းဖြတ်(ကာအုပ်စုအသီးသီး ဖြစ်သွား)ခဲ့ကြကုန်၏။ အုပ်စုတိုင်းသည် မိမိတို့၌ရှိသော (သာသနာ)နှင့် ပျော်ပိုက်လျက်ရှိကြကုန်၏။ |
Hashim Tin Myint ထို့ပြင် ထိုနောက်လိုက်သားများသည် သူတို့အချင်းချင်းတွင် သူတို့၏သာသနာကို အပိုင်းပိုင်းဖြတ်(၍ အုပ်စုကိုယ်စီ ဖြစ်သွား)ခဲ့ကြသည်။ အုပ်စုတိုင်းသည် သူတို့တွင်ရှိသောအရာ(သာသနာ)နှင့် ပျော်ပိုက်နေကြတော့သည်။ |