×

ဧကန်မလွဲ၊ ဤ (လူ့သမိုင်းတစ်လျှောက်၌ ပွင့်ပေါ်ခဲ့သမျှ တမန်တော်အားလုံးနှင့်သူတို့၏နောက်လိုက်များဖြင့် ဖွဲ့စည်းထားသော လူ့ဘောင်အသိုင်းအဝိုင်း) သည် (အမှန်တရားသစ္စာပေါ် အခြေခံသည့်) သင်တို့၏တစ်ခုတည်းသော လူ့ဘောင်အသိုင်းအဝိုင်းပင် 23:52 Burmese translation

Quran infoBurmeseSurah Al-Mu’minun ⮕ (23:52) ayat 52 in Burmese

23:52 Surah Al-Mu’minun ayat 52 in Burmese (البورمية)

Quran with Burmese translation - Surah Al-Mu’minun ayat 52 - المؤمنُون - Page - Juz 18

﴿وَإِنَّ هَٰذِهِۦٓ أُمَّتُكُمۡ أُمَّةٗ وَٰحِدَةٗ وَأَنَا۠ رَبُّكُمۡ فَٱتَّقُونِ ﴾
[المؤمنُون: 52]

ဧကန်မလွဲ၊ ဤ (လူ့သမိုင်းတစ်လျှောက်၌ ပွင့်ပေါ်ခဲ့သမျှ တမန်တော်အားလုံးနှင့်သူတို့၏နောက်လိုက်များဖြင့် ဖွဲ့စည်းထားသော လူ့ဘောင်အသိုင်းအဝိုင်း) သည် (အမှန်တရားသစ္စာပေါ် အခြေခံသည့်) သင်တို့၏တစ်ခုတည်းသော လူ့ဘောင်အသိုင်းအဝိုင်းပင် ဖြစ်ပြီး ငါအရှင်မြတ်သည်ပင် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေ တော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ် ဖြစ်တော်မူ၏။ သို့ဖြစ်ပေရာ သင်တို့ သည် အရှင့်စည်းမျဉ်းတော်များကို အရှင့်သိစိတ်ဖြင့် မြဲမြံစွာ လိုက်နာကျင့်သုံးကြလော့။

❮ Previous Next ❯

ترجمة: وإن هذه أمتكم أمة واحدة وأنا ربكم فاتقون, باللغة البورمية

﴿وإن هذه أمتكم أمة واحدة وأنا ربكم فاتقون﴾ [المؤمنُون: 52]

Ba Sein
၅၂။ မှတ်သားကြလော့၊ သင်တို့အသီးသီးကိုးကွယ်သောဘာသာတရားသည် တပါးတည်းသာရှိ၏၊ ငါသည် သင်တို့၏ အရှင်သခင်ဖြစ်တော်မူ၏၊ သင်တို့သည် ငါ့အား ဝတ္တရားကျေပြွန်ကြလော့။
Ghazi Mohammad Hashim
၎င်းပြင် ဧကန်မလွဲ ဤသည် အသင်တို့၏သာသနာပင်။ တစ်ခုတည်းသောသာသနာ။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေရာ အသင်တို့သည် ငါအရှင်မြတ်အားသာလျှင် ကြောက်ရွံ့ကြလေကုန်။
Hashim Tin Myint
ထို့ပြင် အမှန်စင်စစ် ဤ(အစ္စလာမ်)သာသနာသည် အသင်တို့၏ တစ်ခုတည်းရှိ‌သော သာသနာအုပ်စုပင်ဖြစ်သည်။ ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ပင် ဖြစ်သည့်အတွက် အသင်တို့သည် ငါအရှင်မြတ်ကိုသာ ‌ကြောက်ရွံ့ကြပါ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek