Quran with Burmese translation - Surah Al-Mu’minun ayat 60 - المؤمنُون - Page - Juz 18
﴿وَٱلَّذِينَ يُؤۡتُونَ مَآ ءَاتَواْ وَّقُلُوبُهُمۡ وَجِلَةٌ أَنَّهُمۡ إِلَىٰ رَبِّهِمۡ رَٰجِعُونَ ﴾
[المؤمنُون: 60]
﴿والذين يؤتون ما آتوا وقلوبهم وجلة أنهم إلى ربهم راجعون﴾ [المؤمنُون: 60]
Ba Sein ၆ဝ။ ထို့အပြင်မိမိတို့၏အရှင်သခင်ထံသို့ ပြန်ရမည်ဖြစ်သောကြောင့် အရှင်မြတ်အား ကြောက်ရွံ့ခြင်းဖြင့် လှုဒါန်းစွန့်ကြဲ သူများ။ |
Ghazi Mohammad Hashim အကြင်သူတို့သည်လည်းကောင်း ထိုသူတို့သည် မိမိတို့ ပေးကမ်း(စွန့်ကြဲ) ကြသည်များကို ပေးကမ်း(စွန့်ကြဲ)လျက်ရှိကြငြားသော်လည်း မိမိတို့ သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ် အထံတော်သို့ ပြန်သွားကြရမည် ဖြစ်သောကြောင့် ၎င်းတို့၏ စိတ်နှလုံးများမှာမူကား ထိတ်လန့်စိုးရိမ်လျက် ရှိကြကုန်၏။ |
Hashim Tin Myint ထို့ပြင် ထိုသူများသည် သူတို့ ပေးကမ်းစွန့်ကြဲမည့်အရာများကို ပေးကမ်းနေသည့်ကြားမှ သူတို့သည် သူတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်သို့ အမှန်ပင် ပြန်သွားကြရမည်ဖြစ်သည့်အတွက် သူတို့၏စိတ်နှလုံးများသည် ထိတ်လန့်စိုးရိမ်လျက် ရှိကြသည်။ |