×

(မရဏသေခြင်းတရား အနိစ္စတရား ဆိုက်ရောက်လာသည်အထိ ထိုမယုံကြည်များသည် နောင်တကြီး စွာရ၍ အမှန်တရားကို ယုံကြည်လက်ခံကြလိမ့်မည်မဟုတ်ပေ။) သူတို့အနက် တစ်ဦးတစ်ယောက်ထံသို့ မရဏသေခြင်းတရားသည် ချဉ်းကပ်ဆိုက်ရောက်လာသောအခါ 23:99 Burmese translation

Quran infoBurmeseSurah Al-Mu’minun ⮕ (23:99) ayat 99 in Burmese

23:99 Surah Al-Mu’minun ayat 99 in Burmese (البورمية)

Quran with Burmese translation - Surah Al-Mu’minun ayat 99 - المؤمنُون - Page - Juz 18

﴿حَتَّىٰٓ إِذَا جَآءَ أَحَدَهُمُ ٱلۡمَوۡتُ قَالَ رَبِّ ٱرۡجِعُونِ ﴾
[المؤمنُون: 99]

(မရဏသေခြင်းတရား အနိစ္စတရား ဆိုက်ရောက်လာသည်အထိ ထိုမယုံကြည်များသည် နောင်တကြီး စွာရ၍ အမှန်တရားကို ယုံကြည်လက်ခံကြလိမ့်မည်မဟုတ်ပေ။) သူတို့အနက် တစ်ဦးတစ်ယောက်ထံသို့ မရဏသေခြင်းတရားသည် ချဉ်းကပ်ဆိုက်ရောက်လာသောအခါ ထိုသူက ''အို၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော် မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်ုပ်အား (ကောင်းမှုကုသိုလ်များ ပြုလုပ်နိုင်ရန် လောကီဘဝသို့) ပြန်လွှတ်တော်မူပါ။ “ဟု တောင်းပန် ပန်ကြား လိမ့်မည်။

❮ Previous Next ❯

ترجمة: حتى إذا جاء أحدهم الموت قال رب ارجعون, باللغة البورمية

﴿حتى إذا جاء أحدهم الموت قال رب ارجعون﴾ [المؤمنُون: 99]

Ba Sein
၉၉။ သူတို့သည် သေဆုံးသည့်တိုင်အောင်ဒုစရိုက်မကောင်းမှု၌ နစ်မြုပ်နေကြ၏၊ ထိုသူယုတ်တို့အနက် တစ်ယောက် ယောက်သေဆုံးသောအခါ ထိုသူသည် အို--အကျွနု်ပ်၏အရှင်သခင်၊ အရှင်သည် အကျွနု်ပ်အား လောကသို့ တဖန်ပြန်၍ လွှတ်တော်မူပါဦး။
Ghazi Mohammad Hashim
(ထို ကာဖိရ်တို့သည် နောင်တရကြမည့်သူ မဟုတ်ပေ၊) နောက်ဆုံးတွင် ၎င်းတို့အနက် တစ်ဦးတစ်ယောက်၏ထံသို့ မရဏသေခြင်းတရားသည် ရောက်ရှိလာသောအခါ၊ ထိုသူသည် (ဤသို့) လျှောက်ထားလေ၏။ "အို-ကျွန်တော်မျိုးအား ဖန်ဆင်း မွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးအား ပြန်လွှတ်တော်မူပါ။
Hashim Tin Myint
‌နောက်ဆုံးတွင် သူတို့(ကာဖိရ်)များထဲမှ တစ်ဦးဦးထံသို့ ‌သေခြင်း‌ရောက်လာသည့်အခါ ထိုသူသည် (ဤသို့) ‌ပြောဆိုသည်- အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်ုပ်ကို ပြန်လွှတ်‌တော်မူပါ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek