Quran with Burmese translation - Surah An-Nur ayat 13 - النور - Page - Juz 18
﴿لَّوۡلَا جَآءُو عَلَيۡهِ بِأَرۡبَعَةِ شُهَدَآءَۚ فَإِذۡ لَمۡ يَأۡتُواْ بِٱلشُّهَدَآءِ فَأُوْلَٰٓئِكَ عِندَ ٱللَّهِ هُمُ ٱلۡكَٰذِبُونَ ﴾
[النور: 13]
﴿لولا جاءوا عليه بأربعة شهداء فإذ لم يأتوا بالشهداء فأولئك عند الله﴾ [النور: 13]
Ba Sein ၁၃။ ယင်းကဲ့သို့လုပ်ကြံစွပ်စွဲသူတို့သည် မိမိတို့စွပ်စွဲချက်ကို ထောက်ခံဖို့ရာ သက်သေလေးဦးတို့ကို အဘယ်ကြောင့် မတင်ပြနိုင်သနည်း၊ သက်သေများမထူသောကြောင့် သူတို့သည် အလ္လာဟ်အရှင်မြတ်ရှေ့တော်ဝယ် မုသား ထွက်ဆိုသူများဖြစ်ကြ၏။ |
Ghazi Mohammad Hashim ထို(မုသားစွပ်စွဲခဲ့ကြသော)လူစုသည် အဘယ်ကြောင့် ယင်းစွပ်စွဲချက်နှင့် စပ်လျဉ်း၍ သက်သေလေးယောက် တင်မပြခဲ့ကြသနည်း။ စင်စစ် ၎င်းတို့သည် သက်သေတင်မပြခဲ့ကြသောကြောင့် ၎င်းတို့သည်ပင်လျှင် အလ္လာဟ်အရှင်မြတ်အထံတော်၌ မုသာဝါဒီများ ဖြစ်ကြကုန်သတည်း။ |
Hashim Tin Myint ထိုလူတစ်စုသည် အဘယ့်ကြောင့် ထိုစွပ်စွဲမှုနှင့်ပတ်သက်၍ သက်သေလေးယောက်ကို မတင်ပြခဲ့ကြသနည်း။ ထို့ပြင် သူတို့သည် သက်သေမတင်ပြခဲ့ကြသည့်အတွက် သူတို့ပင် အလ္လာဟ်အရှင်မြတ်ထံတော်တွင် လိမ်လည်သူများဖြစ်ကြသည်။ |