Quran with Burmese translation - Surah An-Nur ayat 25 - النور - Page - Juz 18
﴿يَوۡمَئِذٖ يُوَفِّيهِمُ ٱللَّهُ دِينَهُمُ ٱلۡحَقَّ وَيَعۡلَمُونَ أَنَّ ٱللَّهَ هُوَ ٱلۡحَقُّ ٱلۡمُبِينُ ﴾
[النور: 25]
﴿يومئذ يوفيهم الله دينهم الحق ويعلمون أن الله هو الحق المبين﴾ [النور: 25]
Ba Sein ၂၅။ ထိုနေ့တော်ကြီး၌ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား သူတို့ရထိုက်သောကောင်းကျိုးဆိုးကျိုးကို အပြည့်အစုံ ပေးတော်မူလိမ့်မည်၊ ထိုအခါသူတို့သည် အလ္လာဟ်အရှင်မြတ်သည် အလွန်ထင်ရှားသောအမှန်တရားဖြစ်တော် မူကြောင်းကို သိမြင်ရကြလတ့ံ။ |
Ghazi Mohammad Hashim ထိုနေ့တွင် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့နှင့်ထိုက်တန်သောအစားကို အပြည့်အဝ ပေးတော်မူပေမည်။ ထို့ပြင် ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် တိကျမှန်ကန်စွာ စီရင်ဆုံးဖြတ်တော်မူသောအရှင် (အကြောင်း ကိစ္စများကို) ထင်ရှားစေတော်မူသောအရှင် ဖြစ်တော်မူကြောင်း ကို ၎င်းတို့သိရှိကြပေမည်။ |
Hashim Tin Myint ထိုနေ့တွင် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့နှင့်ထိုက်တန်သောအစားကို ပြည့်ဝစွာပေးတော်မူမည်ဖြစ်သည်။ ထို့ပြင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် တိကျမှန်ကန်စွာ စီရင်ဆုံးဖြတ်တော်မူသောအရှင်၊ ထင်ရှားစေတော်မူသောအရှင် ဖြစ်တော်မူသည်ကို သိရှိကြလိမ့်မည်။ |