×

သို့ရာတွင် ထိမ်းမြားရန်အလို့ငှာ (အခြေအနေနှင့်စားရိတ်စက) မတတ်စွမ်းနိုင်ကြသောသူတို့မူကား အလ္လာဟ်အရှင်မြတ်သည် အရှင့်ကျေးဇူးတော်ဖြင့် သူတို့အား ကုံလုံပြည့်စေတော်မူသည်အထိ (သူတို့၏) ကာယိန္ဒြေကို ထိန်းသိန်းစောင့်စည်း၍ နေကြရမည်။ 24:33 Burmese translation

Quran infoBurmeseSurah An-Nur ⮕ (24:33) ayat 33 in Burmese

24:33 Surah An-Nur ayat 33 in Burmese (البورمية)

Quran with Burmese translation - Surah An-Nur ayat 33 - النور - Page - Juz 18

﴿وَلۡيَسۡتَعۡفِفِ ٱلَّذِينَ لَا يَجِدُونَ نِكَاحًا حَتَّىٰ يُغۡنِيَهُمُ ٱللَّهُ مِن فَضۡلِهِۦۗ وَٱلَّذِينَ يَبۡتَغُونَ ٱلۡكِتَٰبَ مِمَّا مَلَكَتۡ أَيۡمَٰنُكُمۡ فَكَاتِبُوهُمۡ إِنۡ عَلِمۡتُمۡ فِيهِمۡ خَيۡرٗاۖ وَءَاتُوهُم مِّن مَّالِ ٱللَّهِ ٱلَّذِيٓ ءَاتَىٰكُمۡۚ وَلَا تُكۡرِهُواْ فَتَيَٰتِكُمۡ عَلَى ٱلۡبِغَآءِ إِنۡ أَرَدۡنَ تَحَصُّنٗا لِّتَبۡتَغُواْ عَرَضَ ٱلۡحَيَوٰةِ ٱلدُّنۡيَاۚ وَمَن يُكۡرِههُّنَّ فَإِنَّ ٱللَّهَ مِنۢ بَعۡدِ إِكۡرَٰهِهِنَّ غَفُورٞ رَّحِيمٞ ﴾
[النور: 33]

သို့ရာတွင် ထိမ်းမြားရန်အလို့ငှာ (အခြေအနေနှင့်စားရိတ်စက) မတတ်စွမ်းနိုင်ကြသောသူတို့မူကား အလ္လာဟ်အရှင်မြတ်သည် အရှင့်ကျေးဇူးတော်ဖြင့် သူတို့အား ကုံလုံပြည့်စေတော်မူသည်အထိ (သူတို့၏) ကာယိန္ဒြေကို ထိန်းသိန်းစောင့်စည်း၍ နေကြရမည်။ ထို့ပြင် (ကျမ်းတော်မြတ်ကုရ်အာန်ချ မှတ်ပေးအပ်ခြင်း မခံရမီကပင်) သူတို့၏လက်ဝယ်၌ ဩဇာခံ အဖြစ်ရှိခဲ့သော သင်တို့၏ကျေးကျွန်များ အနက် (အ ပေးအယူဖြင့် ကျွန်ဘဝမှ လွတ်မြောက်ရန်) ကတိစာချုပ် ချုပ်ဆိုလိုသောသူတို့အား အကယ်၍ သူတို့၌ (သူတို့ကို လွတ်မြောက်စေလျှင် တောင်းရမ်းစားသောက်ခြင်းကို ရှောင်၍ ရိုးသားစွာ လုပ်ကိုင်စားသောက်မည့် နိုင်ငံသား ကောင်းများ ဖြစ်လာနိုင်သော) ကောင်းကျိုးတစ်စုံတစ်ရာကို တွေ့ရှိခဲ့ကြလျှင် (လွတ်မြောက်ရေးလက်မှတ် အတွက်) သူတို့နှင့်ကတိစာချုပ် ချုပ်ဆိုကြလော့။ ထို့ပြင် သင်တို့သည် သင်တို့အား အလ္လာဟ်အရှင်မြတ်က ချီးမြှင့်ပေးအပ်တော်မူသော ဥစ္စာဓနနှင့်ပိုင်ဆိုင်မှုများအနက်မှ (ကျွန်ဘဝမှလွတ်မြောက်လာသူများ၏ဘဝကို ထူထောင်ပေးရန်) သူတို့ကိုလည်း ပေးကမ်းကြလော့။ ထို့ပြင် သင်တို့သည် (ယခင်ကတည်းက သင်တို့၏လက် ဝယ်၌ ဩဇာခံအဖြစ်ရှိခဲ့သော) သင်တို့၏ကျွန်မများအား (အထူးသဖြင့်) ကာယိန္ဒြေစောင့်စည်းရန် လိုလားကြ သောသူတို့အား လောကီဘဝ၏စည်းစိမ်ချမ်းသာရရှိရန်အလို့ငှာ ပြည့်တန်ဆာအဖြစ်သို့ အတင်းအကျပ် မတွန်းပို့ ကြလေနှင့်။ စင်စစ်သော်ကား မည်သူမဆို ထိုသို့ အတင်းအကျပ်ခိုင်းစေခြင်းခံရလျှင် ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် ထိုကျွန်မများ အတင်းအကျပ်ခိုင်းစေခြင်းခံကြရပြီးနောက် သူတို့အား အလွန်တရာ လွတ်ငြိမ်းချမ်း သာခွင့်ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားကြင်နာ ညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ ၏။

❮ Previous Next ❯

ترجمة: وليستعفف الذين لا يجدون نكاحا حتى يغنيهم الله من فضله والذين يبتغون, باللغة البورمية

﴿وليستعفف الذين لا يجدون نكاحا حتى يغنيهم الله من فضله والذين يبتغون﴾ [النور: 33]

Ba Sein
၃၃။ အကြင်သူသည် ဆင်းရဲနွမ်းပါး၍ အိမ်ထောင်ပြုခြင်းငှာ မစွမ်းနိုင်ရှိခဲ့အ့ံ၊ အလ္လာဟ်အရှင်မြတ်သည် ထိုသူအား ကိုယ်တော်၏ ကရုဏာတော်အားဖြင့် ဥစ္စာရွှေငွေလုံလောက်ခြင်းပေးသနားတော်မူသည့်တိုင်အောင် ထိုသူသည် မိမိကိုယ်ကို မတရားကာမမှုနှင့် ကင်းလွတ်အောင် ထိန်းသိမ်းစောင့်စည်းရမည်၊ ထို့အပြင်သင်တို့၏ ကျွန်များ အနက် ကျွန်ဘဝမှ လွတ်မြောက်လိုသူတို့အား ၎င်းတို့တွင် အကျိုးဖြစ်ထွန်းစရာအကြောင်းမြင်လျှင် လွတ်မြောက် ခြင်းကို စာချုပ်စာတမ်းရေး၍ ပေးကြလော့၊ သင်တို့အား အလ္လာဟ်အရှင်မြတ်ပေးသနားတော်မူသောဥစ္စာပစ္စည်း များမှ သူတို့အား ပေးကမ်းကြလော့၊ သင်တို့သည် လောကီစည်းစိမ်ဥစ္စာများကို မက်မောသောကြောင့် မိမိ အပျိုရည်ကို စောင့်ထိန်းလိုသောကျွန်မိန်းကလေးတို့အား ပြည့်တန်ဆာအလုပ်ကို အတင်းအကျပ်မခိုင်းကြလင့်၊ အကယ်၍ယင်းသို့အတင်းအကျပ်ခိုင်းသော် ယင်းအခိုင်းခံရပြီးနောက် အလ္လာဟ်အရှင်မြတ်သည် သူတို့အား အပြစ်လွှတ်တော်မူမည်၊ မှတ်သားကြလော့၊ အရှင်မြတ်သည် အပြစ်လွှတ်တော်မူမည်၊ ကောင်းကြီးမင်္ဂလာ ပေးသနားတော်မူမည်။
Ghazi Mohammad Hashim
သို့ရာတွင် ထိမ်းမြားရန်အလို့ငှာ(စားရိတ်ငွေကြေး) မရှိကြသောသူတို့မူကား အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကျေးဇူးတော်ဖြင့် ၎င်းတို့အား ကုံလုံကြွယ်ဝစေတော်မူသည်အထိ (မိမိတို့၏) ကာယိန္ဒြေကို စောင့်စည်း၍နေကြရမည်။ ထို့ပြင် အသင်တို့၏ ကျေးကျွန်များအနက် အကြင်သူတို့သည်(ကျွန်ဘဝမှလွတ်မြောက်ရန်)ကတိစာချုပ်ကိုချုပ်ဆိုလိုကြ၏။ အကယ်၍ အသင်တို့သည် ထိုသူတို့၌ ကောင်းကျိုးတစ်စုံတစ်ရာကို တွေ့ ရှိခဲ့ကြလျှင် ၎င်းတို့နှင့် ကတိစာချုပ်ကို ချုပ်ဆိုကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် ၎င်းတို့အား အလ္လာဟ်အရှင်မြတ်၏ အကြင်ပစ္စည်းအနက်မှလည်း ပေးကမ်းကြလေကုန်။ ထိုအရှင်မြတ်သည် (ယင်းပစ္စည်းကို) အသင်တို့အား ချီးမြှင့်ထားတော်မူ၏။ ထို့ပြင် အသင်တို့သည် မိမိတို့၏ ကျွန်မများအား(အထူးသဖြင့်) ၎င်းတို့သည် ကာယိန္ဒြေစောင့်စည်းရန် လိုလားကြလျှင် အသင်တို့သည် မျက်မှောက်လောကီဘ၀၏ ပစ္စည်းဥစ္စာရရှိအံ့သောငှာ (ထိုကျွန်မများအား) ပြည့်တန်ဆာလုပ်ငန်း ပြုလုပ်ကြရန် အတင်းအကျပ် မပြုလုပ်ကြကုန်လင့်။ စင်စစ်သော်ကား မည်သူမဆို၎င်းတို့အား အတင်းအကျပ်ပြုလုပ်စေခဲ့သည်ရှိသော် ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် ထိုကျွန်မများ အတင်းအကျပ်ပြုစေခြင်းကို ခံကြရပြီးနောက် အလွန်တရာ လွတ်ငြိမ်း ချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာ ညှာတာတော်မူသောအရှင် ဖြစ်တော်မူ၏။
Hashim Tin Myint
ထို့ပြင် ထိမ်းမြားရန်(စရိတ်)မရှိကြသည့်သူများကမူ အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်၏‌ကျေးဇူး‌တော်နှင့် ချမ်းသာ‌စေ‌တော်မူသည်အထိ (သူတို့၏)သိက္ခာကို ‌စောင့်ထိန်းကြရမည်။* ထို့ပြင် အသင်တို့၏ကျွန်များထဲမှ အကြင်သူများသည် (ကျွန်ဘဝမှ လွတ်‌မြောက်ရန်)ကတိစာချုပ် ချုပ်ဆိုလိုကြသည်။ အကယ်၍ အသင်တို့သည် သူတို့တွင် အ‌ကောင်းတစ်စုံတစ်ရာ ‌တွေ့ရှိခဲ့ကြလျှင် သူတို့နှင့် ကတိစာချုပ် ချုပ်ဆိုကြပါ။ ထို့ပြင် အသင်တို့သည် သူတို့အား အလ္လာဟ်အရှင်မြတ်က အသင်တို့ကို ချီးမြှင့်ထား‌တော်မူ‌သော ပစ္စည်းများထဲမှ ‌ပေးကမ်းကြပါ။ ထို့ပြင် အသင်တို့သည် အသင်တို့၏ကျွန်မများကို သူမတို့သည် သူမတို့၏အရှက်သိက္ခာကို ထိန်းသိမ်းရန် လိုလားကြလျှင် အသင်တို့သည် ဤဘဝ၏ပစ္စည်းဥစ္စာရရှိရန်အတွက် (ထိုကျွန်မများကို) ပြည့်တန်ဆာလုပ်ငန်းပြုလုပ်ကြရန် အတင်းအကျပ် မခိုင်းကြနှင့်။ ထို့ပြင် မည်သူမဆို သူမတို့အား အတင်းအကျပ်‌စေခိုင်းခဲ့လျှင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ထိုကျွန်မများ အတင်းအကျပ် ‌စေခိုင်းခံကြရပြီးသည့်‌နောက် (ထိုကျွန်မများအား) အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek