Quran with Burmese translation - Surah An-Nur ayat 54 - النور - Page - Juz 18
﴿قُلۡ أَطِيعُواْ ٱللَّهَ وَأَطِيعُواْ ٱلرَّسُولَۖ فَإِن تَوَلَّوۡاْ فَإِنَّمَا عَلَيۡهِ مَا حُمِّلَ وَعَلَيۡكُم مَّا حُمِّلۡتُمۡۖ وَإِن تُطِيعُوهُ تَهۡتَدُواْۚ وَمَا عَلَى ٱلرَّسُولِ إِلَّا ٱلۡبَلَٰغُ ٱلۡمُبِينُ ﴾
[النور: 54]
﴿قل أطيعوا الله وأطيعوا الرسول فإن تولوا فإنما عليه ما حمل وعليكم﴾ [النور: 54]
Ba Sein ၅၄။ အို--တမန်တော်၊ သင်ဟောကြားလော့၊ ဟယ်-အချင်းတို့၊ အလ္လာဟ်အရှင်မြတ်နှင့် တမန်တော်တို့ကို နာခံ ကြလော့၊ သို့သော်သင်တို့လှည့်ပတ်သွားကြလျှင် တမန်တော်မှာ မိမိအား ပေးအပ်ထားတော်မူသောတာဝန် ဝတ္တရားကို ထမ်းဆောင်ရန်သာဖြစ်၏၊ သင်တို့လည်း မိမိတို့ဝတ်ကို ပြေအောင်ပြုရန်သာဖြစ်၏၊ အကယ်၍ သင်တို့သည် သူ့အား နာယူကြလျှင် သင်တို့သည် လမ်းမှန်ကို လိုက်သူဖြစ်ကြ၏၊ သို့သော်တမန်တော်၌ အရပ်ရပ်သောပညတ်တရားတော်ကို ထင်ရှားအောင် ဟောကြားရန် တာဝန်မှတပါး အခြားတာဝန်တစ်စုံတစ်ရာ မရှိချေ။ |
Ghazi Mohammad Hashim (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား ဤသို့)ပြောကြားပါလေ။ (အချင်းတို့၊) အသင်တို့သည် အလ္လာဟ် အရှင်မြတ်၏အမိန့်တော်များကို လိုက်နာကြလေကုန်။ ထိုနည်းတူစွာ အသင်တို့သည် ရစူလ်တမန်တော်မြတ်၏ အမိန့်တော်များကိုလည်း လိုက်နာကြလေကုန်။ ထို့နောက် အကယ်၍ အသင်တို့သည် ရှောင်ကြဉ်ခဲ့ကြလျှင် ထိုရစူလ်တမန်တော်မြတ်အပေါ်၌ မိမိတာဝန်ပေးခြင်း ခံခဲ့ရသည်နှင့်အညီ (အမိန့်တော်များကို ပို့ဆောင်ရန်သာ)ရှိပေသည်။ ထိုနည်းတူစွာ အသင်တို့အပေါ်၌လည်း မိမိတို့ တာဝန်ပေးခြင်းခံခဲ့ကြရသည် နှင့်အညီ(အမိန့်တော်များကိုလည်း လိုက်နာရန်သာ)ရှိပေသည်။ ၎င်းပြင် အကယ်၍ အသင်တို့သည် ထိုရစူလ်တမန်တော်မြတ်၏ အမိန့်တော်များကို လိုက်နာကြလျှင်၊ အသင်တို့သည် တရားလမ်းမှန်ကို ရရှိကြပေမည်။ စင်စစ်သော်ကား ရစူလ်တမန်တော်မြတ်၏ အပေါ်၌မူကား (ငါအရှင်မြတ်၏အမိန့်တော်များကို) ထင်ရှားပြတ်သားစွာ ပို့ဆောင်ခြင်းမှအပ အခြားမည်သည့် တာဝန်မျှ မရှိချေ။ |
Hashim Tin Myint (အို- တမန်တော်)အသင်ပြောလိုက်ပါ- အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များကို လိုက်နာကြပါ။ ထို့ပြင် အသင်တို့သည် တမန်တော်၏အမိန့်တော်များကိုလည်း လိုက်နာကြပါ။ ထို့နောက် အကယ်၍ အသင်တို့သည် ရှောင်တိမ်းသွားခဲ့ကြလျှင် တမန်တော်၏အပေါ်တွင် ၎င်းတာဝန်ပေးခြင်းခံခဲ့ရသည်မျှ (ပို့ချရမည့် တာဝန်)သာရှိသည်။ ထို့ပြင် အသင်တို့အပေါ်တွင်လည်း အသင်တို့ တာဝန်ပေးခြင်းခံခဲ့ရသည်မျှ (လိုက်နာရန်)သာရှိသည်။* ထို့ပြင် အကယ်၍ အသင်တို့သည် တမန်တော်(၏ အမိန့်တော်များ)ကို လိုက်နာကြလျှင် အသင်တို့သည် တရားလမ်းမှန်ကို ရရှိကြမည်ဖြစ်သည်။ ထို့ပြင် တမန်တော်အပေါ်တွင် ထင်ရှားပြတ်သားစွာ ပို့ချပေးခြင်းမှလွဲ၍ အခြား မည်သည့်တာဝန်မှ မရှိပေ။ |