Quran with Burmese translation - Surah Al-Furqan ayat 17 - الفُرقَان - Page - Juz 18
﴿وَيَوۡمَ يَحۡشُرُهُمۡ وَمَا يَعۡبُدُونَ مِن دُونِ ٱللَّهِ فَيَقُولُ ءَأَنتُمۡ أَضۡلَلۡتُمۡ عِبَادِي هَٰٓؤُلَآءِ أَمۡ هُمۡ ضَلُّواْ ٱلسَّبِيلَ ﴾
[الفُرقَان: 17]
﴿ويوم يحشرهم وما يعبدون من دون الله فيقول أأنتم أضللتم عبادي هؤلاء﴾ [الفُرقَان: 17]
Ba Sein ၁၇။ ထိုမိစ္ဆာယုတ်နှင့်တကွ အလ္လာဟ်အရှင်မြတ်အစား သူတို့ကိုးကွယ်သောဘုရားများကို စုတော်မူမည့်နေ့တော်ကြီး၌ အရှင်မြတ်က ဟယ်-ဘုရားပျက်တို့၊ သင်တို့သည် ဤငါ့ကျေးကျွန်တို့အား လမ်းလွဲလမ်းမှားကို ပြသကြလေ သလော၊ သို့မဟုတ်သူတို့သည် မိမိတို့အလိုအလျောက်လမ်းမှန်မှ လွဲဖယ်၍ သွားကြလေသလောဟု မိန့်တော် မူလတ့ံ။ |
Ghazi Mohammad Hashim ၎င်းပြင် အကြင်နေ့တွင် ထိုအရှင်မြတ်သည် ထိုသူတို့သူတို့ အားလည်းကောင်း၊ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်အပြင် ကိုးကွယ်ကြသောသူတို့အား လည်းကောင်း၊ စုရုံးတော်မူပြီးလျှင် "အသင်တို့သည်ပင် ငါအရှင်မြတ်၏ ဤကျွန်များကို လမ်းလွဲစေခဲ့ကြလေသလော။ သို့တည်းမဟုတ် ၎င်းတို့ကိုယ်တိုင်ပင် လမ်းလွဲခဲ့ကြလေသလော"ဟု မေးမြန်း တော်မူပေမည်။ |
Hashim Tin Myint ထို့ပြင် ထိုနေ့တွင် အရှင်မြတ်သည် သူတို့နှင့်၊ အရှင်မြတ်မှလွဲ၍ သူတို့ ကိုးကွယ်ခဲ့သည့်သူများကို စုရုံးစေတော်မူပြီး “အသင်တို့ကပင် ငါအရှင်မြတ်၏ ဤကျွန်များကို လမ်းလွဲစေခဲ့သလော၊ သို့မဟုတ် သူတို့ကိုယ်တိုင် လမ်းလွဲခဲ့ကြသလော“ဟု မေးမြန်းတော်မူမည်။ |