Quran with Burmese translation - Surah Al-Furqan ayat 16 - الفُرقَان - Page - Juz 18
﴿لَّهُمۡ فِيهَا مَا يَشَآءُونَ خَٰلِدِينَۚ كَانَ عَلَىٰ رَبِّكَ وَعۡدٗا مَّسۡـُٔولٗا ﴾
[الفُرقَان: 16]
﴿لهم فيها ما يشاءون خالدين كان على ربك وعدا مسئولا﴾ [الفُرقَان: 16]
Ba Sein ၁၆။ ထိုသူမြတ်တို့မှာ ၎င်းဥယျာဉ်တော်၌ နေထိုင်၍ မိမိတို့အလိုရှိသမျှကို အကြွင်းမဲ့ရရှိကြလတ့ံ၊ ယင်းသို့ပေးသနား တော်မူခြင်းကား သင်၏အသက်သခင်ကျေးဇူးရှင်အတွက် ဖြည့်ရမည့်ကတိသစ္စာတော်ဖြစ်၏။ |
Ghazi Mohammad Hashim ၎င်းတို့သည် ယင်း"ဂျန္နတ်" သုခတွင် မိမိတို့ အလိုရှိကြသည်များကို ရရှိကြပေမည်။ ၎င်းတို့သည် ယင်း(ဂျန္နတ် သုခ) ၌ အမြဲထာဝစဉ် နေထိုင်စံမြန်းသူများ ဖြစ်ကြပေမည်။ (ဤသည်) အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အပေါ်၌ (ကျေးဇူးတော် အလျောက်) လျှောက်ထားအပ်သော ကတိပင် ဖြစ်ပေသတည်း။ |
Hashim Tin Myint သူတို့သည် ထိုသုခဘုံတွင် အမြဲနေကြရမည့်သူများဖြစ်လျက် သူတို့အလိုရှိသည်များကို ရရှိကြလိမ့်မည်။ (ဤစည်းစိမ်များကို ချီးမြှင့်ပေးသနားတော်မူရန်) အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အပေါ်တွင် တာဝန်ယူထားသည့် ကတိပင်ဖြစ်သည်။ |