Quran with Burmese translation - Surah Al-Furqan ayat 36 - الفُرقَان - Page - Juz 19
﴿فَقُلۡنَا ٱذۡهَبَآ إِلَى ٱلۡقَوۡمِ ٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِنَا فَدَمَّرۡنَٰهُمۡ تَدۡمِيرٗا ﴾
[الفُرقَان: 36]
﴿فقلنا اذهبا إلى القوم الذين كذبوا بآياتنا فدمرناهم تدميرا﴾ [الفُرقَان: 36]
Ba Sein ၃၆။ ထို့နောက်သူတို့အား သင်တို့သည် ငါ၏နှုတ်ကပတ်တော်များမယုံကြည်သူတို့ထံ သွားကြလော့ဟု ဗျာဒိတ်ပေး တော်မူ၏၊ ထို့နောက်ငါသည် ထိုမိစ္ဆာမိုက်တို့အားလုံးကို လုံးလုံးဖျက်ဆီးတော်မူ၏။ |
Ghazi Mohammad Hashim ထို့နောက် ငါအရှင်မြတ်သည်(၎င်းတို့နှစ်ပါးအား) အသင်တို့နှစ်ဦးသည် ငါအရှင်မြတ်၏ သက်သေလက္ခဏာတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြကုန်သော အမျိုးသားတို့ထံ သွားကြလေကုန်ဟု မိန့်ကြားတော်မူခဲ့၏။ (ထိုအခါ ၎င်းတို့နှစ်ပါးသည် ထိုအမျိုးသားတို့ထံ သွားရောက်၍ သာသနာပြုခဲ့ကြသော်လည်း ၎င်းတို့သည် ယုံကြည်လက်ခံခြင်း မပြုဘဲ ငြင်းပယ်ခဲ့ကြလေသည်)။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ထိုအမျိုးသားတို့အား လုံးဝဖျက်ဆီးတော်မူခဲ့၏။ |
Hashim Tin Myint ထို့နောက် ငါအရှင်မြတ်က မိန့်ကြားတော်မူခဲ့သည်- “အသင်တို့နှစ်ဦးသည် ငါအရှင်မြတ်၏သက်သေသာဓကများကို မဟုတ်မမှန် ငြင်းပယ်ခဲ့ကြသော အမျိုးသားများထံသို့ သွားကြပါ။“ (သူတို့သည် လက်မခံကြသည့်အပေါ်) ငါအရှင်မြတ်သည် ထိုအမျိုးသားများကို ဖျက်ဆီးတော်မူခဲ့သည်။ |