Quran with Burmese translation - Surah Al-Furqan ayat 44 - الفُرقَان - Page - Juz 19
﴿أَمۡ تَحۡسَبُ أَنَّ أَكۡثَرَهُمۡ يَسۡمَعُونَ أَوۡ يَعۡقِلُونَۚ إِنۡ هُمۡ إِلَّا كَٱلۡأَنۡعَٰمِ بَلۡ هُمۡ أَضَلُّ سَبِيلًا ﴾
[الفُرقَان: 44]
﴿أم تحسب أن أكثرهم يسمعون أو يعقلون إن هم إلا كالأنعام بل﴾ [الفُرقَان: 44]
Ba Sein ၄၄။ သို့မဟုတ်ထိုသူတို့အနက် အများအပြားတို့သည် ကြားနိုင်၊ သို့မဟုတ်နားလည်နိုင်သည်ဟု သင်ထင်မှတ်သလော၊ ယင်းသို့မဟုတ်ချေ၊ သူတို့သည် အခြေလေးချောင်းတိရိစ္ဆာန်များကဲ့သို့ပင်ဖြစ်၏၊ သူတို့သည် တရားလမ်းတော်ကို ဝေးစွာလွှဲသွားကြ၏။ |
Ghazi Mohammad Hashim သို့တည်းမဟုတ် ထိုသူတို့အနက် များစွာသော သူတို့သည် ကြားကြသည်။ သို့မဟုတ် နားလည်ကြသည်ဟု အသင်ထင်မှတ်လေသလော။ ၎င်းတို့သည် ကုလားအုတ်၊ ကျွဲ၊ နွား၊ တိရစ္ဆာန် များကဲ့သို့သာလျှင် ဖြစ်ကြသည်။ ထိုမျှမက(ထို တိရစ္ဆာန်များထက်ပင်) သာလွန် လမ်းလွဲသူများဖြစ်ကြကုန် သတည်း။ |
Hashim Tin Myint သို့မဟုတ် သူတို့ထဲမှ အမြောက်အမြားသည် ကြားကြသည်၊ သို့မဟုတ် နားလည်ကြသည်ဟု အသင်ထင်သလော။ သူတို့သည် (ကုလားအုတ်၊ ကျွဲ၊ နွား)တိရစာ္ဆန်များကဲ့သို့ ဖြစ်သည်။ အမှန်စင်စစ် သူတို့သည် ထို့ထက်ပင် ပိုပြီး လမ်းလွဲကြသည်။ |