Quran with Burmese translation - Surah Al-Furqan ayat 45 - الفُرقَان - Page - Juz 19
﴿أَلَمۡ تَرَ إِلَىٰ رَبِّكَ كَيۡفَ مَدَّ ٱلظِّلَّ وَلَوۡ شَآءَ لَجَعَلَهُۥ سَاكِنٗا ثُمَّ جَعَلۡنَا ٱلشَّمۡسَ عَلَيۡهِ دَلِيلٗا ﴾
[الفُرقَان: 45]
﴿ألم تر إلى ربك كيف مد الظل ولو شاء لجعله ساكنا ثم﴾ [الفُرقَان: 45]
Ba Sein ၄၅။ အို--တမန်တော်၊ သင်၏အရှင်သခင်သည် အရိပ်ကို မည်သို့စီရင်တော်မူသည်ကို သင်စဉ်းစားဆင်ခြင်မမြင် သလော၊ အရှင်မြတ်အလိုတော်ရှိပါလျှင် ထိုအရိပ်ကို မလှုပ်မရှားရပ်တန့်နေစေရန် ပြုစွမ်းနိုင်တော်မူ၏၊ ငါသည် နေကို အရိပ်၏လမ်းပြဖြစ်စေတော်မူ၏။ |
Ghazi Mohammad Hashim အသင်သည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်က(အရာဝတ္ထုခပ်သိမ်းတို့၏) အရိပ်ကို မည်သို့မည်ပုံ ပြန့်စေတော်မူခဲ့ကြောင်း လေ့လာဆင်ခြင်သုံးသပ်ခြင်း မပြုခဲ့လေသလော။ စင်စစ်သော်ကား ထိုအရှင်မြတ်သည် အလိုရှိတော်မူခဲ့ပါလျှင် ထိုအရိပ်ကို(လှုပ်ရှားနိုင်ခြင်း မရှိစေဘဲ) တည်ငြိမ်အောင် ပြုလုပ်တော်မူခဲ့မည်သာတည်း။ ထို့နောက် ငါအရှင်မြတ်သည် နေကို ထိုအရိပ်နှင့် စပ်လျဉ်း၍ သက်သေ လက္ခဏာတစ်ရပ် ပြုလုပ်တော်မူခဲ့၏။ |
Hashim Tin Myint အသင်သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်က အရိပ်ကို မည်သို့ ပြန့်စေတော်မူခဲ့သည်ကို သုံးသပ်မကြည့်ခဲ့သလော။ ထို့ပြင် အရှင်မြတ်သည် အလိုရှိတော်မူခဲ့လျှင် ထိုအရိပ်ကို (မလှုပ်ရှားအောင်)တည်ငြိမ်အောင် ပြုလုပ်တော်မူခဲ့မည်ဖြစ်သည်။ ထို့ပြင် ငါအရှင်မြတ်သည် နေကို ထိုအရိပ်နှင့်ပတ်သက်၍ သက်သေသာဓကတစ်ခုအဖြစ် ပြုလုပ်တော်မူခဲ့သည်။ |