Quran with Burmese translation - Surah Al-Furqan ayat 50 - الفُرقَان - Page - Juz 19
﴿وَلَقَدۡ صَرَّفۡنَٰهُ بَيۡنَهُمۡ لِيَذَّكَّرُواْ فَأَبَىٰٓ أَكۡثَرُ ٱلنَّاسِ إِلَّا كُفُورٗا ﴾
[الفُرقَان: 50]
﴿ولقد صرفناه بينهم ليذكروا فأبى أكثر الناس إلا كفورا﴾ [الفُرقَان: 50]
Ba Sein ၅ဝ။ သူတို့သတိရဖို့ရာ ငါသည် သူတို့အထဲတွင် မိုးကို အဖန်တလဲလဲရွာသွန်းစေတော်မူ၏၊ သို့သော်လူသားတို့အနက် အများအပြားသည် မယုံကြည်မှုမှတပါး အားလုံးကို ငြင်းပယ်ကြ၏။ |
Ghazi Mohammad Hashim ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည် ထိုရေကို ၎င်းတို့အကြားဝယ် ဝေငှ၍ ပေးကမ်းတော်မူခဲ့၏။ သို့မှသာလျှင် ၎င်းတို့သည် တရားရရှိ ကြပေမည်။ သို့ပါလျက် ၎င်းတို့အနက် အများဆုံးသော သူတို့မှာမူကား ကျေးဇူးကန်းခဲ့ကြသည် သာတည်း။ |
Hashim Tin Myint ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့ သတိတရားရရှိကြရန်အတွက် ထိုရေကို သူတု့ိအကြားတွင် ပေးကမ်းဝေငှတော်မူသည်။ ထို့နောက်လည်း သူတို့ထဲမှ အမြောက်အမြားသည် ကျေးဇူးကန်းခဲ့ကြသည်မှလွဲ၍ (မည်သည်ကိုမှ)လက်ခံခြင်း မရှိခဲ့ကြပေ။ |