×

ထို့ပြင် (အို၊ ရစူလ်တမန်တော်၊) အသင်သည် မည်သည့်အခါမျှ မရဏသေခြင်းတရား မလွှမ်းမိုးနိုင်သော အမြဲထာဝရ ရှင်သန်မြဲရှင်သန်နေတော်မူသော အရှင်မြတ်အပေါ်၌သာလျှင် အားကိုးအားထား ပြုလော့။ 25:58 Burmese translation

Quran infoBurmeseSurah Al-Furqan ⮕ (25:58) ayat 58 in Burmese

25:58 Surah Al-Furqan ayat 58 in Burmese (البورمية)

Quran with Burmese translation - Surah Al-Furqan ayat 58 - الفُرقَان - Page - Juz 19

﴿وَتَوَكَّلۡ عَلَى ٱلۡحَيِّ ٱلَّذِي لَا يَمُوتُ وَسَبِّحۡ بِحَمۡدِهِۦۚ وَكَفَىٰ بِهِۦ بِذُنُوبِ عِبَادِهِۦ خَبِيرًا ﴾
[الفُرقَان: 58]

ထို့ပြင် (အို၊ ရစူလ်တမန်တော်၊) အသင်သည် မည်သည့်အခါမျှ မရဏသေခြင်းတရား မလွှမ်းမိုးနိုင်သော အမြဲထာဝရ ရှင်သန်မြဲရှင်သန်နေတော်မူသော အရှင်မြတ်အပေါ်၌သာလျှင် အားကိုးအားထား ပြုလော့။ အရှင် မြတ်အားချီးမွမ်းခြင်းနှင့်အတူ ထိုအရှင်မြတ်သည် (ချို့တဲ့မှု လုံးဝ ကင်းရှင်းတော်မူပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း၊ မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိဂုဏ် တော်အားလုံးကို ပိုင်ဆိုင်တော်မူသော အရှင်ဖြစ်တော်မူခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ် တင်လော့။ စင်စစ်သော်ကား ထိုအရှင်မြတ်သည်ပင် အရှင့်အစေခံများ၏ပြစ်မှုတို့နှင့်စပ်လျဉ်း၍ သတင်း အချက်အလက်အသေးစိတ်ကို သိနေတော်မူသောအရှင်အဖြစ် လုံလောက်ပါ၏။” ဟုလည်းဟော့လော့။

❮ Previous Next ❯

ترجمة: وتوكل على الحي الذي لا يموت وسبح بحمده وكفى به بذنوب عباده, باللغة البورمية

﴿وتوكل على الحي الذي لا يموت وسبح بحمده وكفى به بذنوب عباده﴾ [الفُرقَان: 58]

Ba Sein
၅၈။ အို--တမန်တော်၊ သင်သည် သေခြင်းတရားကင်းမဲ့သောအသက်ရှင်နေသောအရှင်မြတ်အား ယုံကြည်ကိုးစား၍ အရှင်မြတ်၏ ကျေးဇူးတော်ကို ရင့်ကျူးလော့၊ အရှင်မြတ်သည် မိမိ၏ကျေးကျွန်တို့၏ အပြစ်အနာများကို သိသူအဖြစ်ဖြင့် လုံလောက်တော်မူ၏။
Ghazi Mohammad Hashim
၎င်းပြင် (အို-နဗီတမန်တော်၊) အသင်သည် မည်သည့်အခါ၌မျှ သေဆုံးတော်မူမည် မဟုတ်သော အမြဲထာဝရ ရှင်တော်မူသော အရှင်မြတ်အပေါ်၌သာလျှင် ယုံပုံလွှဲအပ်ပါလေ။ ထိုမှတစ်ပါး အသင်သည် ထိုအရှင်မြတ်အား ချီးမွမ်းထော မနာပြုခြင်းကို မြွက်ဆိုပါလေ။ စင်စစ်သော်ကား ထိုအရှင်မြတ်သည်ပင် မိမိကျွန်များ၏ပြစ်မှုတို့ကို သိတော်မူသောအရှင် အဖြစ်လုံလောက်၏။
Hashim Tin Myint
ထို့ပြင် အသင်(တမန်‌တော်)သည် မည်သည့်အခါမှ မ‌သေဆုံးဘဲ အမြဲရှင်‌နေ‌တော်မူ‌သော အရှင်မြတ်အ‌ပေါ်တွင် ယုံပုံလွှဲအပ်ပါ။ ထို့ပြင် အသင်သည် အရှင်မြတ်ကို ချီးမွမ်းမှုနှင့်တကွ သန့်ပြန့်စင်ကြယ်‌ကြောင်း ရွတ်ဆိုပါ။ ထို့ပြင် အရှင်မြတ်သည် မိမိကျွန်များ၏အပြစ်များကို အကြွင်းမဲ့ကြားသိ‌တော်မူ‌သောအရှင်အဖြစ် လုံ‌လောက်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek