Quran with Burmese translation - Surah Al-Furqan ayat 57 - الفُرقَان - Page - Juz 19
﴿قُلۡ مَآ أَسۡـَٔلُكُمۡ عَلَيۡهِ مِنۡ أَجۡرٍ إِلَّا مَن شَآءَ أَن يَتَّخِذَ إِلَىٰ رَبِّهِۦ سَبِيلٗا ﴾
[الفُرقَان: 57]
﴿قل ما أسألكم عليه من أجر إلا من شاء أن يتخذ إلى﴾ [الفُرقَان: 57]
Ba Sein ၅၇။ အို--တမန်တော်၊ သင်ဟောပြောလော့၊ မိမိ၏အရှင်သခင်ထံသို့ သွားရာလမ်းကို ရှာလိုသူသည် ထိုလမ်းရှာခြင်း မှတပါး မည်သည့်တရားဟောကြေးမျှ ငါသည် သင်တို့ထံမှ မတောင်းချေ။ |
Ghazi Mohammad Hashim (အို-နဗီတမန်တော်၊) အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) မည်သူမဆို အလိုရှိခဲ့လျှင် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်သို့ သွားရာလမ်းကို ရွေးချယ်ရန်မှတပါး ငါသည် ယင်း(အမိန့်တော်များကို ပို့ဆောင်ခြင်း)နှင့်စပ်လျဉ်း၍ အသင်တို့ထံ မည်သည့်အဖိုး အခကိုမျှ တောင်းဆိုသည် မဟုတ်ပေ။ |
Hashim Tin Myint (အို- တမန်တော်)အသင်ပြောလိုက်ပါ- ငါသည် ဤ(ကုရ်အာန်)ပို့ချသည်နှင့်ပတ်သက်၍ အသင်တို့ထံမှ မည်သည့်အဖိုးအခမျှ မတောင်းဆိုပေ။ သို့ရာတွင် အကြင်သူသည် အလိုရှိခဲ့လျှင် သူ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံသို့ သွားသည့်လမ်းကို ရွေးချယ်လိုက်သည်(ဆိုလျှင် ထိုအရာပင် ငါ၏ အဖိုးအခဖြစ်သည်)။ |