×

ထို့ပြင် ထိုသူတို့သည် (မလျော်ကန် မသင့်တော်သောနေရာ မိစ္ဆာဒိဌိရှိရာဘက်သို့ မျက်မြင်သက်သေဖြစ် လာရန် မသွားရောက် မပါဝင်ကြသည့်အပြင်) လီဆယ်သက်သေလိုက်ခြင်းလည်းမရှိပေ။ သူတို့သည် အချည်းနှီးသော 25:72 Burmese translation

Quran infoBurmeseSurah Al-Furqan ⮕ (25:72) ayat 72 in Burmese

25:72 Surah Al-Furqan ayat 72 in Burmese (البورمية)

Quran with Burmese translation - Surah Al-Furqan ayat 72 - الفُرقَان - Page - Juz 19

﴿وَٱلَّذِينَ لَا يَشۡهَدُونَ ٱلزُّورَ وَإِذَا مَرُّواْ بِٱللَّغۡوِ مَرُّواْ كِرَامٗا ﴾
[الفُرقَان: 72]

ထို့ပြင် ထိုသူတို့သည် (မလျော်ကန် မသင့်တော်သောနေရာ မိစ္ဆာဒိဌိရှိရာဘက်သို့ မျက်မြင်သက်သေဖြစ် လာရန် မသွားရောက် မပါဝင်ကြသည့်အပြင်) လီဆယ်သက်သေလိုက်ခြင်းလည်းမရှိပေ။ သူတို့သည် အချည်းနှီးသော အကျိုးမရှိသော အမှုကိစ္စများ၏အပါးမှ ဖြတ်သန်းသွားလာကြသည့်အခါ၊ (မျက်နှာအောက်စိုက်၍ ဣန္ဒြေရှိ သူများပီပီ) ကျက်သရေရှိရှိ ဖြတ်သန်း၍ သွားကြ၏။

❮ Previous Next ❯

ترجمة: والذين لا يشهدون الزور وإذا مروا باللغو مروا كراما, باللغة البورمية

﴿والذين لا يشهدون الزور وإذا مروا باللغو مروا كراما﴾ [الفُرقَان: 72]

Ba Sein
၇၂။ ၎င်းအပြင်ထိုသူတို့သည် မုသားသက်သေခံသူများမဟုတ်၊ သို့သော်သူတို့တစ်ရံတစ်ခါအလဇ္ဇီလုပ်၍နေသော အလုပ်ဌာနသို့ ရောက်သွားကြလျှင် သူတော်ကောင်းပီပီစက္ခုန္ဒြေမပျက်၊ အခြားဘက်သို့ လှည့်လျှောက်သွား ကြ၏။
Ghazi Mohammad Hashim
ထို့ပြင် အကြင်သူများပင်။ ထိုသူတို့သည် မလျော်ကန်သောနေရာသို့လည်း သွားရောက်ပါဝင်ကြသည် မဟုတ်ပေ။ (တစ်နည်း) မုသားသက်သေခံကြသည်လည်း မဟုတ်ပေ။ ထိုမှတစ်ပါး ၎င်းတို့သည် အချည်းနှီးသော အမှုကိစ္စ၏အပါးမှ ဖြတ်သန်း၍ သွားကြလေသောအခါ၊ (မျက်နှာအောက်စိုက်၍) ဣန္ဒြေရှိသူများပီပီ ဖြတ်သန်း၍သွားကြကုန်၏။
Hashim Tin Myint
ထို့ပြင် ထိုသူ(ရဟ်မာန်၏ကျွန်)များသည် မုသားလိမ်လည်ပြီး သက်‌သေ မထွက်ဆိုကြ‌ပေ။* (မုသားလိမ်ပြီး သက်‌သေမခံကြ‌ပေ)။ ထို့ပြင် သူတို့သည် အကျိုးမဲ့လုပ်ရပ်၏အနီးမှ ဖြတ်သန်းသွားကြသည့်အခါ၊ (မျက်လွှာချပြီး) သိက္ခာရှိရှိ ဖြတ်သန်းသွားကြသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek