×

ထိုသူတို့က “အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၊ ကျွန်ုပ်တို့အား ကျွန်ုပ်တို့၏ဘဝဖော်များထံမှလည်းကောင်း၊ ကျွန်ုပ်တို့၏သားမြေးတို့ထံမှလည်း ကောင်း၊ မျက်စိအေးမြကြည်လင်မှုကို ပေးသနားတော်မူပါ။ 25:74 Burmese translation

Quran infoBurmeseSurah Al-Furqan ⮕ (25:74) ayat 74 in Burmese

25:74 Surah Al-Furqan ayat 74 in Burmese (البورمية)

Quran with Burmese translation - Surah Al-Furqan ayat 74 - الفُرقَان - Page - Juz 19

﴿وَٱلَّذِينَ يَقُولُونَ رَبَّنَا هَبۡ لَنَا مِنۡ أَزۡوَٰجِنَا وَذُرِّيَّٰتِنَا قُرَّةَ أَعۡيُنٖ وَٱجۡعَلۡنَا لِلۡمُتَّقِينَ إِمَامًا ﴾
[الفُرقَان: 74]

ထိုသူတို့က “အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၊ ကျွန်ုပ်တို့အား ကျွန်ုပ်တို့၏ဘဝဖော်များထံမှလည်းကောင်း၊ ကျွန်ုပ်တို့၏သားမြေးတို့ထံမှလည်း ကောင်း၊ မျက်စိအေးမြကြည်လင်မှုကို ပေးသနားတော်မူပါ။ ကျွန်ုပ်တို့အား မွတ္တကီ (အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးကြသူ) တို့အတွက် ရှေ့ဆောင်လမ်းပြခေါင်းဆောင်များအဖြစ် ခန့်အပ်ဖြစ်စေ တော်မူပါ။ “ဟု အသနားခံ လျှောက်ထားကြလေ၏။

❮ Previous Next ❯

ترجمة: والذين يقولون ربنا هب لنا من أزواجنا وذرياتنا قرة أعين واجعلنا للمتقين, باللغة البورمية

﴿والذين يقولون ربنا هب لنا من أزواجنا وذرياتنا قرة أعين واجعلنا للمتقين﴾ [الفُرقَان: 74]

Ba Sein
၇၄။ ၎င်းအပြင်ထိုသူတို့သည် အို--အကျွနု်ပ်တို့၏ အရှင်သခင်၊ အကျွနု်ပ်တို့အား မိမိတို့မျက်ရှုဖြစ်ကြသောသားမယား တို့ကြောင့် ပျော်ရွှင်ချမ်းမြေ့ခြင်းကို ချပေးသနားတော်မူပါ၊ ဒုစရိုက်မကောင်းမှုများကို တွန်းဖယ်သူတို့၏ စံနမူနာဖြစ်တော်မူပါဟု ငါအရှင်မြတ်ထံဆုတောင်းကြ၏။
Ghazi Mohammad Hashim
ထိုမှတစ်ပါး အကြင်သူများပင်။ ထိုသူတို့သည် အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူ သောအရှင်မြတ်။ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ကျွန်တော်မျိုးတို့၏ ဇနီးကြင်ရာများထံမှလည်းကောင်း၊ ကျွန်တော်မျိုးတို့၏ သားမြေးတို့ထံမှလည်းကောင်း၊ မျက်စိအေးမြကြည်လင်မှုကို ပေးသနားတော်မူပါ။ ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ‘မွတ္တကီ’ သူတော်စင်များ၏ရှေ့ဆောင်ရှေ့ရပ် ပြုလုပ်တော်မူပါဟု လျှောက်ထား အသနားခံကြကုန်သတည်း။
Hashim Tin Myint
ထို့ပြင် ထိုသူများသည် (အရှင်မြတ်ထံ‌တော်တွင်) ‌ပြောဆို‌လျှောက်ထားကြသည်- “အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်တို့အား ကျွန်ုပ်တို့၏ကြင်ရာများနှင့် ကျွန်ုပ်တို့၏ သား‌မြေးများထံမှ မျက်စိကြည်လင်‌အေးမြမှုကို ‌ပေးသနား‌တော်မူပါ။* ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်တို့အား မုသ်သကီ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သူများ၏ အီမာမ်‌ရှေ့‌ဆောင်အဖြစ် ပြုလုပ်‌တော်မူပါ။“
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek