Quran with Burmese translation - Surah Ash-Shu‘ara’ ayat 10 - الشعراء - Page - Juz 19
﴿وَإِذۡ نَادَىٰ رَبُّكَ مُوسَىٰٓ أَنِ ٱئۡتِ ٱلۡقَوۡمَ ٱلظَّٰلِمِينَ ﴾
[الشعراء: 10]
﴿وإذ نادى ربك موسى أن ائت القوم الظالمين﴾ [الشعراء: 10]
Ba Sein ၁ဝ၊၁၁။ သင်၏အသက်သခင်ကျေးဇူးရှင်က အို--တမန်တော်မူစာ၊ သင်သည် ပြစ်မှုကျူးလွန်နေသောဖွာရောမင်း၏ လူများထံသို့ သွားလော့ဟု ဗျာဒိတ်တော်နှင့်ခေါ်တော်မူ၏၊ ထိုသူတို့သည် မကောင်းမှုကို တားဆီးကြမည် မဟုတ်လော။ |
Ghazi Mohammad Hashim ထိုမှတစ်ပါး တစ်ရံရောအခါဝယ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် မူစာအား အသင်သည် (မိမိတို့ကိုယ်ကို မိမိတို့ပင်)နှိပ်စက်ညှဉ်းပန်းသူတို့ထံ သွားပါလေဟု(မိန့်ကြား)တော်မူခဲ့၏။ |
Hashim Tin Myint ထို့ပြင် တစ်ခါက အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် မူစာကို အသင်သည် ညှဉ်းပန်းနှိပ်စက်သည့်သူများထံသို့ သွားပါဟု မိန့်ကြားတော်မူခဲ့သည်။ |