Quran with Burmese translation - Surah Ash-Shu‘ara’ ayat 118 - الشعراء - Page - Juz 19
﴿فَٱفۡتَحۡ بَيۡنِي وَبَيۡنَهُمۡ فَتۡحٗا وَنَجِّنِي وَمَن مَّعِيَ مِنَ ٱلۡمُؤۡمِنِينَ ﴾
[الشعراء: 118]
﴿فافتح بيني وبينهم فتحا ونجني ومن معي من المؤمنين﴾ [الشعراء: 118]
Ba Sein ၁၁၈။ ထို့ကြောင့်အရှင်သည် အကျွနု်ပ်တို့အလယ်ကြားတွင် စီရင်ဆုံးဖြတ်တော်မူပါ၊ ပြတ်သားစွာဆုံးဖြတ်တော်မူပါ၊ အကျွနု်ပ်၊ အကျွနု်ပ်နှင့်အတူတကွရှိသောယုံကြည်သူတို့ကို ကယ်နှုတ်တော်မူပါဟု အလ္လာဟ်အရှင်မြတ်ထံ ဆုတောင်း၏။ |
Ghazi Mohammad Hashim သို့ဖြစ်ပါ၍ အရှင်မြတ်သည် ကျွန်တော်မျိုးနှင့် ၎င်းတို့၏အကြား၌ ထင်ရှားစွာသောအဆုံးအဖြတ်ကို စီရင်ဆုံးဖြတ်ပေးတော်မူပါ။ ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုးအားလည်းကောင်း၊ ကျွန်တော်မျိုးနှင့်အတူရှိကုန်သော မုအ်မင်န်သက်ဝင်ယုံကြည်သူတို့အား လည်းကောင်း၊ ကယ်တင်တော်မူပါ။ |
Hashim Tin Myint သို့ဖြစ်ရာ အရှင်မြတ်သည် ကျွန်ုပ်နှင့် သူတို့ကြားတွင် ထင်ရှားသော အဆုံးအဖြတ်ကို စီရင်ဆုံးဖြတ်ပေးတော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်ကိုသာမက ကျွန်ုပ်နှင့်အတူရှိသော အီမာန်ယုံကြည်သူများကိုလည်း ကယ်တင်တော်မူပါ။ |