Quran with Burmese translation - Surah Ash-Shu‘ara’ ayat 199 - الشعراء - Page - Juz 19
﴿فَقَرَأَهُۥ عَلَيۡهِم مَّا كَانُواْ بِهِۦ مُؤۡمِنِينَ ﴾ 
[الشعراء: 199]
﴿فقرأه عليهم ما كانوا به مؤمنين﴾ [الشعراء: 199]
| Ba Sein ၁၉၉။ ထိုပုဂ္ဂိုလ်သည် ဤကျမ်းတော်မြတ်ကို ရွတ်ဖတ်ဟောကြားလျှင် အာရပ်အမျိုးသားတို့သည် ကျမ်းတော်မြတ်ကို သက်ဝင်ယုံကြည်ကြမည်မဟုတ်ချေ။  | 
| Ghazi Mohammad Hashim တစ်ဖန် ထိုသူသည် ၎င်း(ကုရိုက်ရှ်မျိုးနွယ်ဝင်)တို့ ရှေ့ဝယ် ထို(ကုရ်အာန်ကျမ်းတော်မြတ်)ကို ဖတ်ကြားခဲ့အံ့။သို့ပင်တစေလည်း ၎င်းတို့သည် ယင်း (ကုရ်အာန်ကျမ်းတော်မြတ်)ကို ယုံကြည်ကြမည့်သူများ မဟုတ်ပေတကား။  | 
| Hashim Tin Myint ထို့ပြင် ထိုသူက သူတို့(ကုရိုင်းရှ်မျိုးနွယ်ဝင်များ)၏ရှေ့၌ ထိုအရာကို ဖတ်ကြားခဲ့လျှင်လည်း သူတို့သည် ၎င်း(ကုရ်အာန်ကျမ်းတော်မြတ်)ကို ယုံကြည်ကြမည့်သူများ မဟုတ်ကြပေ။  |