Quran with Burmese translation - Surah Ash-Shu‘ara’ ayat 227 - الشعراء - Page - Juz 19
﴿إِلَّا ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ وَذَكَرُواْ ٱللَّهَ كَثِيرٗا وَٱنتَصَرُواْ مِنۢ بَعۡدِ مَا ظُلِمُواْۗ وَسَيَعۡلَمُ ٱلَّذِينَ ظَلَمُوٓاْ أَيَّ مُنقَلَبٖ يَنقَلِبُونَ ﴾
[الشعراء: 227]
﴿إلا الذين آمنوا وعملوا الصالحات وذكروا الله كثيرا وانتصروا من بعد ما﴾ [الشعراء: 227]
Ba Sein ၂၂၇။ သို့သော်အကြင်သူတို့သည် ယုံကြည်ကြ၏၊ ကောင်းမှုများပြုကြ၏၊ အလ္လာဟ်အား ကောင်းစွာအာရုံပြုကြ၏၊ မတရားနှိပ်စက်ပြီးနောက် မိမိကိုယ်ကို မိမိကာကွယ်ကြ၏၊ ထိုသူတို့အပေါ်သို့ မာရ်နတ်များမကျဆင်းနိုင်ကြချေ၊ ဒုစရိုက်ပြစ်မှုကျူးလွန်သူတို့သည် မည်သည့်ဖျက်ဆီးမှုက မိမိတို့အား ဖျက်ဆီးသည်ကို သိကြရလတ့ံ။ |
Ghazi Mohammad Hashim သို့ရာတွင် (ယင်းလင်္ကာဆရာများအနက်မှ)အကြင်သူတို့သည် အီမာန် သက်ဝင်ယုံကြည်ခဲ့ကြပြီးနောက် ကောင်းမြတ်သော အကျင့်သီလများကိုလည်း ဆောက်တည်ခဲ့ကြကုန်၏။ အလ္လာဟ်အရှင်မြတ်အားလည်း များစွာတသ သတိရခဲ့ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့သည် မိမိတို့ မတရားသဖြင့်နှိပ်စက်မှုကို ခံခဲ့ရပြီးနောက်တွင် လက်စားချေခဲ့ကြကုန်၏။(ထိုကဲ့သို့သော သူတို့မှာ ဤအမိန့်တော်၌ အကျုံးမဝင်ကြပေ)။စင်စစ်သော်ကား မတရားသဖြင့် နှိပ်စက်ကြကုန်သောသူတို့သည် မိမိတို့မှာ မည်သည့် နေရာသို့ ပြန်လှည့်ကြမည်ကို မကြာမြင့်မီပင် သိရှိကြကုန်အံ့သတည်း။ |
Hashim Tin Myint သို့ရာတွင် (ကဗျာဆရာများထဲမှ) အကြင်သူများသည် ခြွင်းချက်ဖြစ်သည်၊ ထိုသူများသည် အီမာန်ယုံကြည်ခဲ့ကြပြီး ကောင်းမြတ်သော အကျင့်သီလများကိုလည်း ဆောက်တည်ခဲ့ကြသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်အားလည်း များစွာ သတိရခဲ့ကြသည်။ ထို့ပြင် သူတို့သည် သူတို့ မတရားနှိပ်စက်မှုခံခဲ့ကြရပြီးနောက် လက်စားချေခဲ့ကြသည်။* ထို့ပြင် မတရားနှိပ်စက်ကြသည့်သူများသည် သူတို့ မည်သည့်နေရာ ပြန်လှည့်ကြမည်ကို မကြာမီ သိရှိကြလိမ့်မည်။ |