Quran with Burmese translation - Surah Ash-Shu‘ara’ ayat 44 - الشعراء - Page - Juz 19
﴿فَأَلۡقَوۡاْ حِبَالَهُمۡ وَعِصِيَّهُمۡ وَقَالُواْ بِعِزَّةِ فِرۡعَوۡنَ إِنَّا لَنَحۡنُ ٱلۡغَٰلِبُونَ ﴾
[الشعراء: 44]
﴿فألقوا حبالهم وعصيهم وقالوا بعزة فرعون إنا لنحن الغالبون﴾ [الشعراء: 44]
Ba Sein ၄၄။ ထိုအခါဝိဇ္ဇာဆရာတို့သည် မိမိတို့စွဲကိုင်သောလှံတံတောင်ဝှေးနှင့် ကြိုးခွေကြီးများကို ပစ်ချ၍ အကျွန်ုပ်တို့သည် ဖွာရောမင်း၏ ဘုန်းတော်ကြောင့် အမှန်အကန်နိုင်ရမည်သာတည်းဟု ဆိုကြ၏။ |
Ghazi Mohammad Hashim သို့ဖြစ်ပေရာ ထိုပဉ္စလက်ဆရာတို့သည် မိမိတို့၏ ကြိုးများကိုလည်းကောင်း၊ မိမိတို့၏ တောင်ဝှေးများကိုလည်းကောင်း၊ ပစ်ချခဲ့ကြကုန်၏။ ထို့ပြင် ၎င်းတို့က ဖစ်ရ်အောင်န်(ဘုရင်မင်းမြတ်)၏ ဘုန်းတန်ခိုးကိုတိုင်တည်၍ မလွဲဧကန် ကျွန်ုပ်တို့သည် ပင်လျှင် အောင်နိုင်သူများ အမှန်ပင် ဖြစ်ကြပေမည်ဟု ပြောဆိုခဲ့ကြကုန်၏။ |
Hashim Tin Myint ထို့နောက် မှော်ဆရာများသည် သူတို့၏ကြိုးများနှင့် သူတို့၏တုတ်များကို ပစ်ချခဲ့ကြသည်။ ထို့ပြင် သူတို့က ပြောဆိုခဲ့ကြသည်- ဖိရ်အောင်န်ဘုရင်၏တန်ခိုးတော်အား တိုင်တည်ကျိန်ဆိုပါသည်၊ အမှန်စင်စစ် ကျွန်ုပ်တို့ပင် အောင်နိုင်သူများဖြစ်ကြမည်။ |