×

ထို့ပြင် သင်သည် သင့် (ညာ) လက်ကို လက်ကတီးကြားတွင် ထည့်သွင်း (၍ ပြန်ထုတ်လိုက်) သောအခါ ယင်းမှာ ဖါရိုမင်းနှင့်သူ့လူမျိုးတို့ထံသို့ 27:12 Burmese translation

Quran infoBurmeseSurah An-Naml ⮕ (27:12) ayat 12 in Burmese

27:12 Surah An-Naml ayat 12 in Burmese (البورمية)

Quran with Burmese translation - Surah An-Naml ayat 12 - النَّمل - Page - Juz 19

﴿وَأَدۡخِلۡ يَدَكَ فِي جَيۡبِكَ تَخۡرُجۡ بَيۡضَآءَ مِنۡ غَيۡرِ سُوٓءٖۖ فِي تِسۡعِ ءَايَٰتٍ إِلَىٰ فِرۡعَوۡنَ وَقَوۡمِهِۦٓۚ إِنَّهُمۡ كَانُواْ قَوۡمٗا فَٰسِقِينَ ﴾
[النَّمل: 12]

ထို့ပြင် သင်သည် သင့် (ညာ) လက်ကို လက်ကတီးကြားတွင် ထည့်သွင်း (၍ ပြန်ထုတ်လိုက်) သောအခါ ယင်းမှာ ဖါရိုမင်းနှင့်သူ့လူမျိုးတို့ထံသို့ (အရှင့်အမိန့်တော်များအား တင်ပြရာတွင် သက်သေအဖြစ် ထောက် ပြနိုင်သည့် အံ့ဖွယ်) အာယသ်သက်သေလက္ခဏာ ကိုးပါးတွင် ပါဝင်မည့် အပြစ်အနာအဆာ တစ်စုံတစ်ရာမရှိဘဲ ပကတိ ထွန်းတောက်သောလက် ဖြစ်လာလိမ့်မည်။ ဧကန်စင်စစ်၊ သူတို့သည် စည်း မျဉ်းဥပဒေများကို ဖောက် ဖျက်ကျူးလွန်၍ အာခံဖီဆန်လျက် ယုတ်မာကြသောလူမျိုးပင် ဖြစ်၏။

❮ Previous Next ❯

ترجمة: وأدخل يدك في جيبك تخرج بيضاء من غير سوء في تسع آيات, باللغة البورمية

﴿وأدخل يدك في جيبك تخرج بيضاء من غير سوء في تسع آيات﴾ [النَّمل: 12]

Ba Sein
၁၂။ အို--မူစာ၊ သင်သည် မိမိလက်ကို မိမိအကျႌရင်ဘတ်အတွင်းသို့ သွင်းလော့၊ သင်၏လက်ကို ပြန်ထုတ်လော့၊ ထိုလက်သည် ဖြူစင်တောက်ပနေလတ့ံ၊ ဤအရာသည် ဖွာရောမင်းနှင့် ၎င်း၏လူများကို ပြသရမည့်အ့ံဖွယ်သူရဲ မျိုးတွင် တစ်မျိုးဖြစ်၏၊ မှတ်သားလော့၊ သူတို့သည် အစဉ်အမြဲမကောင်းမှုကျူးလွန်နေသူတို့ဖြစ်ကြ၏။
Ghazi Mohammad Hashim
၎င်းပြင် အသင်သည် မိမိလက်ကို မိမိလက်ကတီးကြားတွင် သွင်းပါလေ။ (ထိုအခါ) ထိုလက်မှာ အပြစ်တစ်စုံတစ်ရာမရှိဘဲ ပကတိ ထွန်းတောက်လျက် ထွက်ပေါ်၍ လာပေမည်။ (ဤသည်)ဖစ်ရ်အောင်န်နှင့်တကွ ၎င်း၏အမျိုးသားတို့နှင့်ယှဉ်ပြိုင်အံ့သောငှာ တန်ခိုးတော်ကိုးပါးတွင် အပါအဝင်ဖြစ်၏။ ဧကန်စင်စစ် ၎င်းတို့မှာ စည်းကမ်းဖောက်ဖျက် ကျူးလွန်ကြသောအမျိုးသားများပင် ဖြစ်ကြပေသည်။
Hashim Tin Myint
ထို့ပြင် အသင်သည် အသင်၏လက်ကို အသင်၏ချိုင်းကြားတွင်သွင်းလိုက်ပါ။ (ထို့ပြင် ပြန်ထုတ်လိုက်လျှင်) ထိုလက်သည် မည်သည့်အပြစ်အနာအဆာမျှမရှိဘဲ လင်းဝင်း‌တောက်ပလျက် ထွက်‌ပေါ်လာမည်ဖြစ်သည်။ (ဤသည်) ဖိရ်‌အောင်န်နှင့်တကွ သူ၏အမျိုးသားများနှင့် ယှဉ်ပြိုင်ရန်အတွက် တန်ခိုး‌တော်ကိုးပါးတွင် အပါအဝင်ဖြစ်သည်။ အမှန်စင်စစ် သူတို့သည် စည်းကမ်း‌ဖောက်ဖျက် ကျူးလွန်ကြ‌သော အမျိုးသားများပင်ဖြစ်ကြသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek